ဝါဈေးကွက်ရရှိရေးအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူပေးမည်

0
162

ပြည်တွင်း လက်ကျန်ဝါများကို ဈေးကွက်ရရှိရေးအတွက် အဆင့်သတ်မှတ်ချက်များအတိုင်း တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ဝယ်ယူရာတွင် (A)အဆင့် ပိဿာချိန် (၂၉) သိန်းနှင့် (C)အဆင့် ပိဿာချိန် (၁)သိန်းအား စက်မှုဝန်ကြီးဌာန အမှတ် (၃) စက်မှုလုပ်ငန်းလက်အောက်ရှိ ဝါကြိတ်စက်ရုံများတွင် အသုံးပြုပြုရန်အတွက် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဝါစိုက်ပျိုးရေးအတွက် သွင်းအားစုများ အသုံးပြုရန် တစ်ဧကလျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ဝါကို မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့ရှိ မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ဝါကို အရေးကြီးကုန်အဖြစ် သတ်မှတ်ထားပြီးနိုဝင်ဘာလမှ ဇန်နဝါရီလတွင် ဝါများစတင်ထွက်ပေါ်ကာ ဧပြီလလယ်ထိ ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။

ထို့ပြင် ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့)ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများကို တားမြစ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here