စစ်ဖြစ်နေတဲ့ ယူကရိန်းကို ထောက်ထားခဲ့မှုကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်းဟု တိုင်ဆန်ဖျူရီ စောဒကတက်ခဲ့ပြီး ချက်ချင်း မကျေပွဲ ပြန်တည်ပေးဖို့ တောင်းဆို

0
365

တနင်္ဂနွေနေ့က ဟဲဗီးဝိတ်ချန်ပီယံခါးပတ်လု ထိုးသ-တ်ပွဲမှာ ယူကရိန်းသား Oleksandr Usyk ကို ဒိုင်တွေက အမှတ်နဲ့ (သုံးဦးအနက် နှစ်ဦး အနိုင်ပေးခဲ့) အနိုင်ပေးခဲ့ခြင်းနောက်ကွယ်မှာ စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက် စာနာထောက်ထားတဲ့တည့်တွက်မှုပါဝင်ခဲ့တယ်လို့ ဟဲဗီးဝိတ်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဗြိတိန်သား လက်ဝှေ့ကျော်က ၎င်းတို့နှစ်ဦးအတွက် မကျေပွဲ ချက်ချင်းပြန်တည်ပေးဖို့လည်း တောင်းဆိုသွားခဲ့ပါတယ်။

ယခုပွဲအနိုင်ကြောင့် Usyk ဟာ ၂၄ နှစ်အတွင်း အငြင်းပွားဖွယ်ရာမရှိ ဟဲဗီးဝိတ်ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်က ဗြိတိန်နိုင်ငံသား လင်းနော့လူးဝစ်ဟာလည်း အီဗန်ဒါ ဟိုလီဖီးကို အနိုင်ယူကာ ယင်းအချိန်က ဟဲဗီးဝိတ်ခါးပတ်သုံးခုစလုံးကို ရယူနိုင်ခဲ့တဲ့ အငြင်းပွားဖွယ်မရှိ ချန်ပီယံဖြစ်ခဲ့ပါတယ်။

Usyk ဟာ WBA၊ IBF နဲ့ WBO ဟဲဗီးဝိတ်ခါးပတ်တွေ ရထားသူဖြစ်ပြီး ဖျူရီထံက WBC ဟဲဗီးဝိတ်ခါးပတ်ကိုပါ ထပ်ပေါင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခင်က ရှုံးပွဲမရှိထားတဲ့ ချန်ပီယံနှစ်ဦးရဲ့ ပြိုင်ဆိုင်မှုဟာ အကြိတ်အနယ်ရှိခဲ့ပြီး ၉ ချီမြောက်မှာ Usyk ရဲ့ လက်သီးချက်တွေကြောင့် ဖျူရီအထိနာပြီး အမှတ်စဉ်ရေတွက်ခံခဲ့ရပါတယ်။ ဒိုင်သုံးဦးအနက် နှစ်ဦးက ၁၁၅-၁၁၂၊ ၁၁၄-၁၁၃ မှတ်တွေနဲ့ Usyk ကို အနိုင်ပေးခဲ့ပြီး တတိယမြောက်ဒိုင်ကတော့ ၁၁၄-၁၁၃ မှတ်နဲ့ ဖျူရီကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

“ဒါက ကြီးမြတ်တဲ့ အချိန် ကြီးမြတ်တဲ့ နေ့တစ်နေ့ပါ” လို့ Usyk က ပြောဆိုသွားပါတယ်။

“ဒီပွဲမှာ ကျွန်တော်နိုင်တယ်လို့ ယုံကြည်ပါတယ်၊ ပွဲချီ အနည်းငယ်မှာပဲ သူနိုင်ခဲ့ပေမယ့် အများစုမှာ ကျွန်တော်နိုင်ခဲ့တယ်လို့ ယုံပါတယ်။ သူ့နိုင်ငံက စစ်ဖြစ်နေတော့ စစ်ဖြစ်နေတဲ့နိုင်ငံဘက်ကို လူတွေက ရပ်တည်ကြပါတယ်။ ဒါပေမဲ့ မမှားမိပါစေနဲ့ ဒီထိုးသ-တ်ပွဲမှာ ကျွန်တော်နိုင်ခဲ့ပါတယ်” လို့ ပွဲအပြီး ကြိုးဝိုင်းအတွင်း အင်တာဗျူးမှာ ဖျူရီက ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

ကျွန်တော်ပြန်လာခဲ့ပါမယ်၊ ကျွန်တော့်မှာ မကျေပွဲနွှဲဖို့ ရှိပါသေးတယ် လို့ ယခင်က ရှုံးပွဲမရှိထားသူဖြစ်တဲ့ ဖျူရီက ဆက်လက် ပြောဆိုခဲ့ပါတယ်။ ပွဲစီစဉ်သူ ဖရန့်ခ် ဝါးရင့်ကလည်း သူတို့နှစ်ဦးအကြား နောက်တစ်ပွဲထပ်တည်ဖို့ရာ သေချာကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Ref: ဆောက်ချိုင်းနား မောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here