ပြည်မြို့တွင် ဆိုင်ကယ် စီးနင်းလာသူများက အမျိုးသား တစ်ဦးအား ဓားဖြင့် ထိုးမှုဖြစ်ပွား

0
234

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဆိုင်ကယ် (၂)စီးဖြင့် စီးနင်းလာသူများက အမျိုးသားတစ်ဦးအား ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့သည့် အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ပြည်မြို့ဒေသခံများထံမှ သိရသည်။

ပြည်မြို့၊ စက်မှုကွက်သစ် ၊ GMG ရေသန့်စက်ရုံအနီးရှိ ကနောင်မင်းသားကြီး လမ်းမပေါ်တွင် မေလ (၁၉) ရက်၊ နေ့ လယ် (၃) နာရီ အချိန်ခန့်က အမျိုးသားတစ်ဦးအား ဆိုင်က ယ်စီးလာသူများမှ ဓားဖြင့် ထိုးသွားရာ အပြင်းထန် ဒဏ်ရာများရနေသဖြင့် အရေးပေါ် လာရောက် ကူညီပေးပါရန် မြန် မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)သို့ ဆက်သွယ်အ ကြောင်းကြားသည့်အတွက် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် ဓားဖြင့်ထိုးခံရသည့် အမျိုးသားမှာ မျက်နှာ၊ လက်မောင်း၊ လက်ဖျံ၊ ဝမ်းဗိုက်တို့တွင် ဓါးဒဏ်ရာများကြောင့် သွေးထွက်လွန်နေသည့်အတွက် မြေပြင်အရေးပေါ် လိုအပ်သည့် ဆေးကုသပြုစုပေး၍ ဆေးကုသမှု ခံယူရန် ပြည်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပရဟိတပါရမီမှ အရေးပေါ် ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here