မြန်မာ့လက်ရွေးစင် ဖူဆယ်ကစားသမားနှစ်ဦးကို ထိုင်း နာမည်ကြီးကလပ်မှ ခေါ်ယူရန် တရားဝင်ကမ်းလှမ်း

0
173

မြန်မာ့လက်ရွေးစင် ဖူဆယ်ကစားသမား နှစ်ဦးဖြစ်သည့် မိုးသက်အောင်နှင့် မိုင်းစိုးမြတ်ထွေး တို့နှစ်ဦးအား ထိုင်းနိုင်ငံ ၏ နာမည်ကြီးဘောလုံးကလပ်တစ်ခုမီ ခေါ်ယူရန် တရားဝင် ကမ်းလှမ်းထားကြောင်း သိရသည်။

အဆိုပါ ကစားသမားနှစ်ဦးကို ထိုင်းနိုင်ငံ၏ ထိုင်းလိဂ်(၁)ဖူဆယ်ကလပ်အသင်းဖြစ်သည့် အူထိုင်းဌာနီအသင်းက ကမ်း လှမ်းခဲ့ခြင်းဖြစ်သည်ဟု i Sports ၏ မေးမြန်းချက်ကို MIU ဖူဆယ်ကလပ်ပိုင်ရှင် ဦးဖြိုးမောင်မောင် အတည်ပြောကြားထားခြင်းဖြစ်သည်။

မြန်မာကစားသမားနှစ်ဦးကို အာရှဖူဆယ်ဖလားပြိုင်ပွဲ မယှဉ်ပြိုင်မီကာလအတွင်း MIU ကလပ်ထံသို့ တိုက်ရိုက်ကမ်းလှ မ်းခဲ့ခြင်းဖြစ်ပြီး ဗီဇာအခက်အခဲကြောင့် သွားရောက်မကစားဖြစ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ဖူဆယ်ဘောလုံးလောက၌ ပြည်ပကလပ်အသင်းများသို့ သွားရောက်ကစားခဲ့သည့် ကစားသမားအဖြစ် ခင်ဇော်လင်းတစ်ဦးတည်းသာရှိသေးပြီး ထိုင်းဖူဆယ်ကလပ် ဆူရ တ်သနီအသင်းတွင် ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here