အာဆီယံကော်မတီ(ဝါရှင်တန်)နှင့် အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယလက်ထောက်ကာကွယ်ရေး ဝန်ကြီးတို့ တွေ့ ဆုံဆွေးနွေး

0
104

အာဆီယံကော်မတီ(ဝါရှင်တန်)၏ လှုပ်ရှားမှုအဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယလက်ထောက်ကာကွယ်ရေးဝန်ကြီးတို့  တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါတွေ့ဆုံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in
Washington – ACW) ၏ လှုပ်ရှားမှုအဖြစ် အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားသံရုံးမှ ဦးဆောင်၍ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန တောင်နှင့် အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယ လက်ထောက်ကာကွယ်ရေး ဝန်ကြီး Ms. Lindsey W. Ford နှင့် တွေ့ဆုံဆွေးနွေးပွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်နိုင်ငံဆိုင်ရာ မလေးရှားသံရုံး၌ မေလ (၂၀) ရက်က ကျင်းပခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းသည် အာဆီယံသံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း အခမ်းအနားတွင် အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ အမေရိကန် နိုင်ငံဆိုင်ရာ မလေးရှားသံ အမတ်ကြီး Mr. Dato’ Nazri Aziz က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တောင်နှင့် အရှေ့ တောင်အာရှဒေသဆိုင်ရာ ဒုတိယ လက်ထောက် ကာကွယ် ရေးဝန်ကြီးက စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပါဝင်ရန်  အမေရိကန်ကာကွယ်ရေးဝန်ကြီး ၏ အလုပ်သဘောခရီးစဉ် သွားရောက်မည့်ကိစ္စတို့နှင့်စပ် လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အင်ဒို-ပစိဖိတ် ဒေသတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here