MNL League Cup 2024 ဆီမီးဖိုင်နယ်ပွဲစဉ်များကစား​တော့မည်

0
89

MNL League Cup 2024 ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိလာပြီး အုပ်စုအဆင့်များမှ တက်လာသည့်အသင်းလေးသင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မေ(၂၅) ရက် ညနေ(၄) နာရီအချိန်၌ အုပ်စု (A) ပထမ ရန်ကုန်ယူနိုက်တက်နှင့် အုပ် စု (D) ပထမ ရတနာပုံ၊ မေ(၂၆)ရက်၌ အုပ်စု (B) ပထမ ရှမ်းယူနိုက်တက်နှင့် အုပ်စု (C) ပထမ ဒဂုံစတားယူနိုက်တက်တို့ တွေ့ဆုံယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များနှင့် ပတ်သက်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေလ (၂၄)ရက်၊ မွန်းလွဲ (၂ )နာရီအချိန်တွင် 

သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပရိတ်သတ်စိတ်အဝင်စားမှု မြင့်တ က်နေသည့်ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အ သင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းပွဲစဉ်တစ်ခုဖြစ်သ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here