(၁၃) နှစ်ကြာ ရပ်တန့်နေသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းနှင့်ပတ်သက်သည့် ဦးဆောင်အဖွဲ့ဖွဲ့စည်း

0
168

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက ပြည်သူ လူထု၏ တောင်းဆိုမှုကြောင့် စီမံကိန်းရပ်ဆိုင်းသွားသည့်

ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း အတွက် ဦးဆောင်အဖွဲ့ကို ဧပြီ (၂၄) ရက် ရက်စွဲဖြင့် ဖွဲ့စည်းကြောင်း နစကအစိုးရဘက်က ထုတ်ပြန်လာသည်။ 

အဆိုပါ ဦးဆောင် ကော်မတီဖွဲ့စည်းကြောင်းကို နစကက အမိန့်အမှတ်  (၇၄/၂၀၂၄) ဖြင့် ဧပြီ (၂၄) ရက် ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့၏ လုပ်ငန်းတာဝန်များကိုပါ မေ (၁၇) ရက် ရက်စွဲဖြင့် ထုတ်လာခြင်း ဖြစ်သည်။

စုစုပေါင်း အဖွဲ့ဝင် (၁၁)ယောက် ပါဝင်သည့် ဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးက တာဝန်ယူကာ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ 

ဦးဆောင်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အစိုးရတွေကြား စီမံကိန်းကိစ္စတွေ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ထို့ပြင် SPIC Yunnan International Power Investment Co.Ltd(SPICYN)ရဲ့ ဦးဆောင်အဖွဲ့နှင့် ပူးပေါင်းပြီး သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်၊ အဓိကကိစ္စရပ်များအပေါ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့ကို လမ်းညွှန်မှုပေးရန်နှင့် ဆုံးဖြတ်ချက်ချခြင်းများ ဆောင်ရွက်ရန်ဖြစ်သည်ဟု  အဆိုပါအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားသည်။ 

လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တင်ပြဆောင်ရွက်ရမည်ဖြစ်ပြီး နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များကိုလည်း ဖွဲ့စည်းခွင့်ရှိကြောင်း သိရသည်။

အဖွဲ့ဝင်များအဖြစ် အမြဲတမ်းအတွင်းဝန် (ပြန်ကြားရေးဝန် ကြီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန)၊ ညွှန်ကြားရေးမှူးချုပ် (လျှပ်စစ်စွမ်းအားစီမံရေးဦးစီး ဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ရေအားလျှပ်စစ်အကောင်အ ထည်ဖော်ရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်း ဝန် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာ န)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ ပါဝင်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here