လားရှိးမြို့ သီရိမင်္ဂလာမန်ဆူကျောင်းတိုက်ရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံများအတွက် လိုအပ်သည့် စားသောက်ဖွယ် ရာများ လှူဒါန်း

0
473

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့၊ သီရိမင်္ဂလာမန်ဆူဘုန်းတော်ကြီးကျောင်းရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူ များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပေးအပ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ယမန်နေ့ မေ (၂၂)ရက်၊ နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ရာ သီရိမင်္ဂလာမန်ဆူကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် မြိုနယ်သံဃာနာယက ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြကြောင်း သိရသည်။ 

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာမန်ဆူဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး မေတ္တာသုတ်ပရိတ်တရားတော်များ နာကြားကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ထိုနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက ယာယီ နေရ ပ်စွန့်ခွာ ဒေသခံပြည်သူများအတွက် တိုင်းစစ် ဌာနချုပ်နှင့် စေတနာရှင်အလှူရှင်များက စုပေါင်း လှူဒါန်းသည့် ဆန် (၃၁၇) အိတ်၊ ဆီ (၉၅) ပိဿာ၊ ပဲ၊ ဆားနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here