ငါးလအတွင်း စည်းကမ်းမဲ့ မောင်းနှင်သည့် YBS ယာဥ်နှင့်ယာဥ်လုပ်သားများကို အရေးယူခဲ့သည့်အမှုပေါင်း ၂၃၀၀၀ ကျော်ဟုဆို

0
140

၂၀၂၄ ခုနှစ်၏ ငါးလအတွင်း စည်းကမ်းမဲ့မောင်းနှင်သည့် YBS ယာဥ်နှင့် ယာဥ်လုပ်သားများကိုအရေးယူခဲ့သည့် အမှုပေါင်း (၂၃၀၀၀) ကျော်အထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်အရ ဇန်နဝါရီလ (၁) ရက်မှ မေလ (၁၅) ရက်အထိ အရေးယူထားရှိမှုစာရင်းများအရမှတ်သားဖမ်း ဆီးမှုစုစုပေါင်း (၂၂၄၁၇)မှု၊တိုင်ကြားမှု(၃၀၁)မှု၊ Facebook အမှု(၃)မှု၊ မီးနီဖြတ်မောင်းမှု(၁၄၃)မှု၊ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု (၄၅၃)မှု၊ သတ်မှတ်လမ်း ကြောင်းအတိုင်းမမောင်းနှင်မှု (၁၄၀)မှု၊ မဆင်မခြင်မောင်းနှင်မှု(၉၁)မှု၊ အခြားအမှု(၉၉)မှု၊ ရပ်နားချိန်ကြာမြင့်မှု(၃၅)မှု၊ယာဥ်တစ်စီးနှင့် တစ်စီးယှဥ်ပြိုင်ကျော်တက်မောင်းနှင်မှု (၂၀၉)၊ မချေမငံပြောဆိုမှု(၁)၊ စုစုပေါင်းအမှု(၂၃၈၉၂) မှုဖြစ်ကြောင်း သိရသည်။

ထို့ပြင် အရေးယူဆောင်ရွက်ရာတွင်လည်း ယာဥ်နှင့်ယာဥ်မောင်းဖြစ်သူကို CNG (၃) လပိတ်သိမ်းခြင်း၊ ဒီဇယ်လိုင်စင်ပိတ်သိမ်း ခြင်းတို့ကို ပြုလုပ်ပြီး မဆင်မခြင်မောင်းနှင်ပါကဒဏ်ငွေတစ်သောင်းနှင့် ယာဥ်မောင်းလိုင်စင်တစ်လပိတ်သိမ်းကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ယာဥ်များ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ပြေးဆွဲနိုင်စေရေးတို့အတွက် စစ်ဆေးရေး အဖွဲ့ (၈) ဖွဲ့ဖြင့်လည်းကောင်း၊ ယာဥ်ကြောရှုပ်ထွေးသ ည့်မှတ်တိုင် (၁၆) တိုင်တွင်လည်းကောင်း၊ ခရိုင်(၃)ခရိုင်ပူး ပေါင်းအဖွဲ့တို့ဖြင့်လည်းကောင်း ယာဥ်စည်းကမ်းဖောက်ဖျ က်မှုမရှိစေရေးတို့အတွက်နေ့စဥ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here