နော်ဝေသည် မေလ ၂၉ ရက်မှ စတင်၍ ရုရှားခရီးသွားများအား ထပ်တိုးကန့်သတ်မှုများပြုလုပ်မည်

0
152

နော်ဝေအာဏာပိုင်များသည် မေလ ၂၉ ရက်မှစတင်၍ ရုရှားခရီးသွားများအား ထပ်တိုး ကန့်သတ်မှုများ ပြုလုပ်မည်ဖြစ်သည်။

“ခရီးသွားလုပ်ငန်းများ၏ ဝန်ဆောင်မှုနှင့် အခြားမရှိမဖြစ်လိုအပ်သော ခရီးသွားလာရန်ရည်ရွယ်ချက်ရှိသော ရုရှားနိုင်ငံသားများသည် ပြင်ပနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်သည့်အခါ ပယ်ချခံရမည်ဖြစ်သည်။ အဆိုပါကန့်သတ်ချက်သည် နော်ဝေမှထုတ်ပေးထားသော ဗီဇာလက်ကိုင်ရှိပြီးသူများနှင့် ၂၀၂၂ ခုနှစ်နွေဦးရာသီတွင် ဗီဇာကျင့်ထုံးများကို ကန့်သတ်ခြင်းမပြုမီ ထုတ်ပေးထားသော ဗီဇာများအတွက်ပါ အကျုံးဝင်ပါသည်” ဟု နော်ဝေအစိုးရက ၎င်း၏ ၀က်ဘ်ဆိုဒ်တွင် သတင်းထုတ်ပြန်ထားပြီး အဆိုပါ ထပ်တိုးကန့်သတ်မှုများသည် မေလ ၂၉ ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း ကိုပါ ရေးသားဖော်ပြထားသည်။

နော်ဝေးတွင်နေထိုင်သော ၎င်းတို့၏ မိသားစုဆီသို့ အလည်အပတ်လာရောက်သူများ သို့မဟုတ် နော်ဝေးတွင် အလုပ်လုပ်သော သို့မဟုတ် ကျောင်းတက်နေသည့် ရုရှားနိုင်ငံသားများအတွက်မူ ခြွင်းချက်အနေဖြင့် အချို့ကိစ္စများတွင် ခြွင်းချက်ပေးမည်ဖြစ်ကြောင်း ဆိုထားသည်။

နော်ဝေးကလည်း ရုရှားနှင့် နယ်နိမိတ်တစ်လျှောက်ရှိ Storskog နယ်စပ်ဖြတ်ကျော်သည့်နေရာရှိ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here