ရွှေစျေးနှုန်းတည်ငြိမ်ကျဆင်းစေရေးအတွက် မန္တလေး ရွှေအရောင်းအဝယ် ရွှေစျေးကွက် ခေတ္တရပ်နားမည်

0
234

ဈေးကွက်အတွင်း ရွှေဈေးမြင့်တက်နေသော်လည်း အရောင်းအဝယ်အေးနေ

စံချိန်တင် မြင့်တက်နေသည့် ရွှေဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် မန္တလေးရွှေအရောင်းအဝယ် စျေးကွက်ကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး သည်လည်း ကျပ် (၅၂)သိန်းအထိ စံချိန်တင်မြင့်တက်နေခြင်းဖြစ်သည်။

” ရပ်နားထားတာဟုတ်တယ်။ အရောင်းအဝယ်နားထားရင် ဈေးကျသွားနိုင်တာပေါ့။ လာဝယ်ရင်လည်း မရောင်းနဲ့ လာရောင်းရင်လည်း မဝယ်ကြဘဲ အရောင်းရော အဝယ်ရောလောလောဆယ် နားထားတယ်”ဟု မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေဈေးနှုန်းများမှာ မေလ (၁၆) ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၆၈ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး ၄,၉၉၅,၀၀၀ ကျပ်၊ မေလ (၁၇) ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၈၂ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး ၅,၀၀၀,၀၀၀ ကျပ်၊ မေလ (၁၈) ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၄၁၃ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး ၅,၀၄၅,၀ ၀၀ ကျပ်၊ မေလ (၂၁) ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၄၁၄ ဒေါ် လာ၊ ပြည်တွင်းရွှေဈေး ၅,၁၄၀,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ဈေးကွက်အတွင်း ရွှေဈေးမြင့်တက်နေသော်လည်း အရောင်းအဝယ်အေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here