SME နှစ်ဆင့်ချေးငွေ စီမံကိန်း အရ​ချေးထားသူများ NPL မဖြစ်​​ပေါ်ရန်လိုအပ်

0
435

SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေ ရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) (၁/၂၀၂၄) အစည်းအဝေးကို မေလ ၂၃ ရက်နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက JICA (ODA) SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းအဆင့် – ၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် (၆) ဘဏ်မှ တဆင့် ၂၀၂၄ ခုနှစ် ဧပြီလကုန် အထိ SME လုပ်ငန်းရှင် (၆၁၆) ဦး သို့ ချေးငွေကျပ် ၁၄၂ ဒသမ ၀၃၈ ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

စီမံကိန်းအဆင့် – ၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ၁၁ ဘဏ်မှတဆင့် ၂၀၂၄ ခုနှစ် ဧပြီလကုန် အထိ SME လုပ်ငန်းရှင် ၁၈၆၉ ဦးသို့ ချေးငွေကျပ် ၃၆၈ ဒသမ ၃၆၉ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ် အပါအဝင် PFIs ဘဏ်များအနေဖြ င့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒဖြစ်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ၊ ဒေသထွ က်ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေးထုတ်ချေးနိုင်ရေးဆောင်ရွက်ရန်နှင့် ထုတ်ချေးပြီးသည့်ချေးငွေများ NPL(သတ်မှတ်ကာလအတွင်း ​ချေးသူမှ အတိုး​မပေးခြင်း၊ပြန်မဆပ်ခြင်းမျိုး) မဖြစ် ပေါ်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ယင်းချေးငွေသည် အတိုးနှုန်းသက်သာသည့် ချေးငွေဖြစ်သည့်အပြင် နိုင်ငံတော်မှချမှတ်ထားသည့် ဦးစားပေးကဏ္ဍများနှင့် ကိုက်ညီမှုရှိသဖြင့် စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရန် လိုအပ်ကြောင်းလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here