ကျောင်းအပ်နှံရေး ပထမနေ့တွင် ကျောင်းအပ်နှံသူ ၁၇ သိ န်း ၉ သောင်းကျော် လာရောက်အပ်နှံ

0
118

၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုစတ င်သည့် ပထမနေ့တွင် ကျောင်းသားကျောင်းသူ ၁၇ သိန်း ၉ သောင်း ကျော် လာရောက်အပ်နှံခဲ့ကြကြောင်း နစက သတ င်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် မေလ(၂၃) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘု န်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၇၉၂၈၀၈ ဦးရှိခဲ့ခြင်းဖြစ်သည်။ 

ယခု ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ် တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် (၃) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် ယမန်နေ့မှ စ တင်ကာ ဇွန် (၂)ရက်အထိ သတ်မှတ်၍ ကျောင်းသားကျော င်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင် ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ထို့ပြင် ကျောင်းသား၊ ကျောင်းသူ များအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေး အပ်သည့် စာရေးကိရိ ယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း  ထောက်ပံ့ပေးအပ်နေကြောင်းလည်း သိရ သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here