၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှု န်းပြည့် သုံးစွဲရရှိရေးအတွက် စီမံချက်ရေးဆွဲ အကောင်အ ထည်ဖော်ဆောင်ရွက်နေ

0
353

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှု န်းပြည့် သုံးစွဲရရှိရေးအတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျ က်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းကပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည်(၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စ စ် ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွ င်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးလျှပ် စစ် ဓာတ်အားရရှိရေးသည်များစွာ အရေးပါသည့်အတွက် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာ နှုန်းပြည့်သုံးစွဲရရှိရေးအတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျ က်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အတည်ပြုခဲ့သော မြန် မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထ ည်ဖော် ဆောင်ရွက်မည့် အစီအစဉ် (Nationally Determine Cotribution – NDC) အရ ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင်နှုန်း ၅၁၅၆ မဂ္ဂါဝပ်၊ နေရောင်ခြ ည်နှင့် လေစွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင်ပါဝင်မှု ၁၁ ရာ ခိုင်နှုန်း ၂၀၀၀ မဂ္ဂါဝပ် လျာထားရေးဆွဲထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင်မှ ၃ ဒသမ ၃ ရာခို င်နှုန်း ပါဝင်ထုတ်လုပ်လျက်ရှိပြီး ထပ်မံ၍ နေရောင်ခြည်နှင့် လေစွမ်းအင်တို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာနေမှုများကိုလည်း MOU ၊ MOA ၊ LOA များ လက်မှတ်ရေးထိုးဆောင်ရွက် လျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် နေနှင့်လေ စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှု ပါဝင်မှုအချိုးအစားသည် မိမိတို့ရည်မှန်းထားသည့် ၁၁ ရာ ခိုင်နှုန်းကို ပြည့်မီရောက်ရှိလာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထိုသို့ ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ ရလဒ်တစ်စိတ်တစ်ပိုင်းဖြစ်သည့် ယခုတည်ဆော က်ပြီးစီးခဲ့သော Natural Solar Power Co., Ltd. ၏ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် Great Success Energy Co., Ltd. ၏ သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ် စစ်ဓာတ်အား ပေးစက်ရုံများသည် Build – Operate – Own – BOO (တည်ဆောက်/ လည်ပတ်/ ပိုင်ဆိုင်) စနစ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါ င်းတပ်ဆင်အင်အား (၆၀) မဂ္ဂါဝပ် ဖြစ်၍ တစ်နှစ်လျှင် စုစု ပေါင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၈ သ န်း ထုတ်လုပ်ပေးနိုင်မည် ဖြစ်၍ အိမ်ထောင်စုပေါင်း ၉၉၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထပ်တိုးဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သပြေဝ-၃ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ စီမံကိန်းကို ၁၃ လ အတွင်း တည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင်လည်းကောင်း၊ သာစည်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၁၄ လအတွင်း တည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သာစည်ပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်တွင်လည်းကော င်း အသီးသီး ချိတ်ဆက်၍ ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဓာတ်အားစနစ် ကွန်ရက်အတွင်းတွင် ပြည့် ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားများ ချိတ်ဆက်ပို့လွှတ်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံခြောက်ရုံရှိရာမှ ယခုထပ်မံ၍ နှစ်ရုံမှထွက်ရှိသော ဓာတ်အားများကိုလည်း နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ ထပ်မံချိတ်ဆက် ပို့လွှတ်နိုင်ပြီဖြစ်သည့်အတွ က် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံရှစ်ရုံ၊ စုစုပေါင်းတပ်ဆင်စက်အင်အား ၂၄၀ မဂ္ဂါဝပ်အထိ တိုးတ က်ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လု ပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှု အချိုးအစား (Generation Mix) အားဖြင့် ရေအား ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာ တ်ငွေ့ ၅၀ ရာခိုင်နှုန်း၊ နေရောင်ခြည် ၃ ရာခိုင်နှုန်း၊ ကျော က်မီးသွေး ၂ ရာခိုင်နှုန်းတို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here