ယူကရိန်းလေယာဉ်မှူး ပထမအုပ်စု အမေရိကန်တွင် F-16 မောင်းနှင်ရေး လေ့ကျင့်မှု ပြီးမြောက်

0
129

ယူကရိန်းလေသူရဲအဖွဲ့ ပထမအုပ်စုသည် အမေရိကန်လုပ် F-16 တိုက်လေယာဉ်များ ကိုင်တွယ်မောင်းနှင်ရန် အမေရိကန်တွင် လေ့ကျင့်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း Politico သတင်းစာက လေ့ကျင့်ရေးသင်တန်းကျင်းပသည့် အရီဇိုးနားပြည်နယ်ရှိ လေတပ်စခန်းတစ်ခု၏ ပြောရေးဆိုခွင့်ရှိသူကို ကိုးကား၍ ရေးသားဖော်ပြခဲ့သည်။

လေယာဉ်မှူးအရေအတွက်နှင့် သင်တန်းပြီးဆုံးသည့်ရက်ကိုမူ မဖော်ပြထားပါ။ သတင်းရင်းမြစ်များ၏ အဆိုအရမူ လေယာဉ်မှူးများသည် ထပ်မံလေ့ကျင့်မှုရန်အတွက် ဥရောပသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

ယူကရိန်းသည် ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် နော်ဝေးတို့ထံမှ F-16 တိုက်လေယာဉ် အစင်း ၆၀ ကျော် လက်ခံရရှိရန် မျှော်လင့်ထားသည်။

ဇန်နဝါရီလကုန်ပိုင်းတွင် Air & Space Forces မဂ္ဂဇင်းက အမေရိကန် အရီဇိုးနားပြည်နယ်တွင် F-16 တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်ရေး အတွက် ယူကရိန်း လေယာဉ်မှူး လေးဦးကို လေ့ကျင့်သင်ကြား ပေးထားကြောင်း ပင်တဂွန် သတင်းရင်းမြစ်တစ်ခုအား ကိုးကားဖော်ပြခဲ့သည်။

နိုင်ငံတကာ လုံခြုံရေးရေးဆိုင်ရာ အမေရိကန် လက်ထောက် ကာကွယ်ရေးဝန်ကြီး Celeste Wallander က အနောက်နိုင်ငံများသည် ယူကရိန်းသို့ ပထမဆုံး F-16 ဗုံးကြဲလေယာဉ်များနှင့် စက်ကိရိယာများကို ယခုနှစ်အတွင်း လွှဲပြောင်းပေးရန် မျှော်လင့်ထားကြောင်း အစောပိုင်းကတည်းကပင်လျှင် ပြောကြားခဲ့သည်။ ယူကရိန်းလေယာဉ်မှူးများအား F-16 တိုက်လေယာဉ်များ ကိုင်တွယ်မောင်းနှင်ရန် လေ့ကျင့်ပေးရေး အစီအစဉ်သည် ယူကရိန်းသို့ လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ပို့ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရန် အနောက်နိုင်ငံမှ ဖွဲ့စည်းထားသောအဖွဲ့၏ ပုံမှန်အစည်းအဝေးတစ်ခုမှ ဆုံးဖြတ်ခဲ့သော အစီအစဉ်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here