ထားဝယ်စီးပွားရေးဇုန် စီမံကိန်းအတွက် နည်းမျိုးစုံဖြင့် ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်နေကြောင်း နစက ဒုတိယ ဥက္ကဋ္ဌ ပြော

0
133

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင် စားကြသည့် Developer များကို နည်းမျိုးစုံဖြင့် ဖိတ်ခေါ်လျက်ရှိကြောင်း နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄ -၂၀ ၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သ ည်။

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအပိုင်း၌ အောင်မြင်ပြီး သီလဝါစီးပွားရေးဇုန်နှင့် လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များ ပိုမိုရင်းနှီးမြှုပ်နှံလာအောင် စည်းရုံးဆွဲဆောင် ကြရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အလားတူ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် Developer များကို နည်းမျိုးစုံဖြင့်ဖိတ်ခေါ်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးရရှိရေးသ က်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အထူးစီးပွားရေးဇုန်အလို က် စီမံခန့်ခွဲမှုကြီးကြပ်ရေးကော်မတီများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးအဆင့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ပူးတွဲအကောင် အထည်ဖော်ရန် ရုရှားနှင့် နစကတို့အကြား ကနဦးအဆင့် ဆွေးနွေးမှုစတင်နေပြီဖြစ်ကြောင်း ထားဝယ်အထူးစီးပွားဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတ ည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တာဝန်ပေးထားသည့် အီတာလျံ-ထိုင်းကုမ္ပဏီသည် ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းရပ်စဲထားရခြင်းဖြစ်သည်။

ထားဝယ် SEZ ကို ကနဦးနှင့် ပင်မစီမံကိန်းဟုဆိုပြီး (၂)ပိုင်းခွဲထားကာ ကနဦးအဆင့် (၂၇) စတုရန်းမိုင်အတွင်း မူလခန့် မှန်းချက်ဖြစ်သည့် ကန်ဒေါ်လာ (၁)ဘီလီယံတန် စက်မှုဇုန်၊ ဓါတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်း၊ LNG ဓာတ်ငွေ့ရည်ဆိပ်ကမ်း အပါအဝင် အခြေခံအဆောက်အအုံများ တည် ဆောက်ရန် လျာထားခြင်း ဖြစ်သည်။

ထို့အတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ညှိနှိုင်းဆွေးနွေးမှု အောင် မြင်ခဲ့ပြီး Long Stop Date သက်တမ်း (၁၈) လ ထပ်မံတိုးမြှင့်ရာ လက်ရှိတွင် (၅) လခန့်ရှိပြီဖြစ်ပြီး ကျန်ရှိနေသည့်ကာလအတွင်း မိမိတို့အပိုင်းမှ ပြီးပြတ်ရမည့်ကိစ္စ၊ နောက် ပိုင်းမှလုပ်ဆောင်ပေးရမည့် ကိစ္စရပ်များကိုလည်း ဥပဒေနှင့်အညီ ပြီးပြတ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း နစက ဒုတိယ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here