တနင်္ဿာရီမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်ပြည်သူများ စားနပ် ရိက္ခာနှင့် ဆေးဝါးများ အကူအညီ လိုအပ်နေ

0
185

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှော င်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ်လိုအပ်လျှက်ရှိနေကြောင်း ဒေသတွင်းစစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့များထံမှ သိရသည်။

လက်ရှိတွင် ဒေသအတွင်းတိုက်ပွဲများကြောင့် လမ်းပန်းဆ က်သွယ်ရေးများ ပိတ်ဆို့နေသည့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက် မြင့်တက်လာနေသကဲ့သို့ စစ်ရှောင်ပြ ည်သူများမှာ တစ်ရက်ထက်တစ်ရက် များပြားလာကြောင်း သိရသည်။

“ ဒီဘက်မှာက လမ်းပန်းဆက်သွယ်ရေးအရ ပိတ်နေတာတွေရှိတော့ စားစရာနဲ့ ဆေးဝါးတွေ လိုအပ်တာပေါ့။ စစ်ရှောင်တွေက တစ်ရက်ထက်တစ်ရက်များလာနေတယ်။ ဒီဘက်နယ်က ငှက်ဖျားဖြစ်တဲ့ နေရာတွေဆိုတော့ ငှက်ဖျားဖြစ်နေသူတွေရှိသလို ငှက်ဖျားရောဂါအတွက်လည်း ငှက် ဖျားဆေးတွေ လိုအပ်နေတယ်” ဟု ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြော သည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အထွေထွေ လူသုံးကုန်ပစ္စည်းများအပြင် မိုးတွင်းကာလအတွက် အမိုးအကာများ၊ ခြင်ထောင်နှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဒေသအတွင်း အမြဲတမ်းစစ်ရှောင်စ ခန်း(၅)ခုဖွင့်လှစ်ထားကာ ၊ စစ်ရှောင်ပြည်သူ (၁၀,၀၀၀) ကျော်အထိရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းဖြစ်ပွားခဲ့‌သည့် ဒေသတွင်း တိုက် ပွဲများကြောင့် ထားဝယ်၊သရက်ချောင်း၊ ရေဖြူ၊ ပုလောနှင့် တနင်္သာရီမြို့တို့တွင် နေရပ်စွန့်ခွာထွက်ပြေးသူ (၆၀,၀၀၀) နီးပါးအထိရှိလာပြီး အချို့မှာစစ်ရှောင်စခန်းများတွင် ခိုလှုံနေကြကာ အချို့သောဒေသခံများမှာ နီးစပ်ရာ မြို့ရွာများသို့ တိမ်းရှောင်နေကြရကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here