ယနေ့ ကျိုက်ထိုတွင် ဒုတိယမြောက် ကိုဗစ်ကူးစက်ခံရသည့် ‌လူနာတွေ့ရှိ

0
190

ယနေ့ မေ(၂၄)ရက် နံနက်ပိုင်းအချိန်တွင် ကျိုက်ထို့းမြို့နယ်အတွင်း၌ ဒုတိယမြောက် ကိုဗစ်ကူးစက်ခံထားရသည့် ‌လူနာအမျိုးသားတစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်း မာရေးဦးစီးဌာနက အသိပေးထားသည်။

အဆိုပါ ကူးစစက်ခံထားရသူအမျိုးသားမှာ ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်ရှိ အသက်(၃၈)နှစ်အရွယ်အမျိုး သားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ထူးခြားသော ရောဂါလက္ခ ဏာမတွေ့ရှိရသေးသော်လည်း သီးခြားထားရှိပြီးစောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်ရောဂါ ကူးစက်ခံထားရသူအမျိုးသားနှင့် ထိတွေ့သူများကိုလည်း မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးကူးစက်ခံရခြင်းမရှိကြောင်းသိရသည်။

ကျိုက်ထို့မြို့နယ်၌ ယခုနှစ် မေလအတွင်း ကိုဗစ်ရောဂါကူးစက်ခံထားရသူ (၂)ဦးရှိပြီးဖြစ်ကာ၊ ပထမအကြိမ်ကူးစက်ခံရသူ အသက်(၆၇)နှစ်အရွှယ်အမျိုးသမီးမှာ မေ(၂၂) ရက်၌ ပြန်လည်ကျန်းမာလာပြီဖြစ်သဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့‌ေကြာင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မေ(၁၀)ရက်က အသ က်ရှုကြပ်သဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ရောက်ရှိလာရာမှ ကိုဗစ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။

၎င်းအား သိမ်ဇရမ်တိုက်နယ် ဆေးရုံတွင် (၂၂) ရက်ကြာ ဆေးဝါးကုသခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here