ဖားကန့်ရှိ တနိုင်တစ်ပိုင်ကျောက်စိမ်းလုပ်ကွက် တစ်ခုတွင် ကျင်းပြိုကျကာ အမျိုးသားနှစ်ဦး အသက်ဆုံးရှုံး

0
306

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ အောင်စုကျော်ကျေးရွာရှိ တစ်ပိုင်တနိုင် ကျောက်စိမ်းလုပ် ကွက်တစ်ခုတွင် ယနေ့ မေ(၂၄)ရက် နံနက်ပိုင်းက တွင်းတူးနေရာမှ မြေပြိုကျကာ အမျိုးသားနှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ​ေ-သဆုံးသူအမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ပိုင်ရှင်မဲ့ဖြစ်​နေပြီး၊ တစ်ဦးမှာ မိသားစုနှင့် အဆက်အသွယ်ရရှိကြောင်း သိရသည်။

“ကိုယ်တူးတဲ့ကျင်း မြေပြိုပြီးပြန်ပိတာပါ။ တစ်ဦးကတော့ပိုင်ရှင်မဲ့ဖြစ်တာကြောင့် ဒီနေ့ပဲ သဂြိုဟ်လိုက်ပါပြီ။တစ်ဦးကတော့ သုဿန်မှာရေခဲခေါင်းနဲ့ မိသားစုဆန္ဒအရ ဓလေ့ထုံးတမ်းအရ သဂြိုဟ်မှာပါ”ဟု ၎င်းက ပြောသည်။

​ေ-သဆုံးသူနှစ်ဦးအနက် မိသားစုနှင့်အဆက်အသွယ်ရရှိသူမှာ အသက်(၂၉) နှစ်အရွယ် ကိုသာထွန်းဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ ပိုင်ရှင်မဲ့ဖြစ်‌နေခြင်းကြောင့် စုံစမ်း၍ မရဖြစ်နေကြောင်း သိရသည်။

၎င်းတို့နှစ်ဦးမှာ အောင်စုကျော်ကျေးရွာ ရှိ Jade Power ကုမ္ပဏီအနောက်ဘက်ရှိ လုပ်ကွက်တစ်ခုအတွင်း တစ်ပိုင်တနိုင် ကျောက်စိမ်းတူးဖော်နေသူများဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသ၌ နှစ်စဥ် ကျောက်စိမ်းလုပ်ကွက်များအတွင်း မကြာခဏ မြေပြိုကျခြင်း၊ နွံကန်ပေါက်ကျခြင်း များကြောင့် အဆိုပါဒေသတွင်း ရေမဆေး ကျောက်ရှာဖွေသူများ အ သက်ဆုံးရှုံးမှုများရှိနေသည်။

ပုံစာ- ဖားကန့် ဒေသ ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်တစ်ခုအားတွေရစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here