ကွမ်းဈေးတစ်ပိဿာ (၂၅၀၀၀) ကျပ်အထိ မြင့်တက်လာ

0
278

ရန်ကုန် ကွမ်းဈေးကွက်အတွင်း တစ်ပိဿာ ကျပ်(၂၅၀၀၀) အထိ မြင့်တက်လာကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး ဒိုင်များထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မေလ (၁၇) ရက်တွင် မိုးသက်လေပြင်းကျပြီး ဧရာဝတီတိုင်းဘက်ရှိ ကွမ်းခြံအချို့ ပျက်စီးသွားသည့်အတွက် ရန်ကုန်သို့တင်ပို့နေသည့် ကွမ်းရွက်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

မေလ (၁၇) ရက်မတိုင်ခင် ကွမ်းရွက်တစ်ပိဿာ ကျပ် (၁၈၀၀၀) သာ ရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် (၂၅၀၀၀) ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကွမ်းရွက်ဈေးနှုန်းအပြင် ကွမ်းသီးဈေးနှုန်းသည်လည်း တည်ငြိမ်မှုမရှိဘဲ ဈေးတက်မည့် အခြေအနေတွင် ရှိနေသလို ကွမ်းစားဆေး အပါအဝင် ဆက်စပ်ပစ္စည်းဈေးများသည်လည်း ဈေးနှုန်းမြင့်တက်နေကြောင်း ကွမ်းရောင်း‌ချနေသူများထံမှ သိရသည်။

ကိုဗစ်ကာလမတိုင်ခင် ကွမ်းရွက်တပိဿာဈေးသည် ကျပ် (၄,၀၀၀) မှ (၅,၀၀၀) သာရှိခဲ့ရာမှ နောက်ပိုင်းတွင် တပိဿာ ကျပ် (၆,၀၀၀) မှ ကျပ် (၁၁,၀၀၀) အထိ ဈေးမြင့်တက်ခဲ့ကာ ယခုနှစ်အထိ တပိဿာ (၁၈,၀၀၀) အထိ ရောက်ရှိခဲ့ခြင်းဖြ စ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here