ကုလတရားရုံးက အစ္စရေးကိုရာဖာစစ်ဆင်ရေးရပ်တန့်ရန်ညွှန်ကြား

0
539
This photograph shows the Peace Palace, the seat of the International Court of Justice (ICJ, in The Hague on May 17, 2024. (Photo by Nick Gammon / AFP)

သည်ဟိဂ်၊မေ ၂၅

အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သည့် အစ္စရေး – ဟားမတ်စ်အရေးအခင်း ကာလအတွင်း အစ္စရေးက ရာဖာမြို့ကို ထိုးစစ်ဆင်မှုကို ရပ်တန့်ရန် ကုလသမဂ္ဂထိပ်တန်းတရားရုံးက အစ္စရေးကိုညွှန်ကြားခဲ့ကြောင်းသိရသည်။

ဂါဇာမြောက်ပိုင်း၌ ဟားမတ်စ်တို့ဖမ်းဆီးခံထားရသည့် ဓ-ါးစာခံသုံးဦး၏ရုပ်အလေ-ာင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးကပြောကြားခဲ့သဖြင့် ဓ-ါးစာခံများကိုချက်ချင်းလွှတ်ပေးရန် ဟားမတ်စ်တို့ကိုလည်းညွှန်ကြားခဲ့သည်။

ယင်းနောက် ယခုလအစပိုင်းက ရာဖာသို့စတင်တိုက်ခိုက်ချိန်မှစ၍ အစ္စရေးဘက်ကပိတ်ထားသည့် ဂါဇာနှင့်အီဂျစ်ကြားရှိနယ်စပ်ဂိတ်ကိုပါဖွင့်ပေးပြီး ထောက်ပံ့ရေးပစ္စည်းများ ထိထိမိမိရောက်ရှိစေရန်လည်း အစ္စရေးကိုညွှန်ကြားခဲ့သည်။

သို့သော်အစ္စရေးကမူ ကုလထိပ်တန်းတရားရုံးသည် မှားယွင်းနေကြောင်းဆိုကာ ရာဖာနှင့်ပတ်သက်၍ ၎င်း၏လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်ခြေအရိပ်အယောင်မပြသေးကြောင်းလည်းဖော်ပြထားသည်။

အစ္စရေးကမူ ၎င်းတို့အနေဖြင့် ရာဖာကို ထိုးစစ်ဆင်နေသည်မှာမှန်သော်လည်း ဂါဇာဒေသခံများကိုထိခိုက်နစ်နာစေမည့်လုပ်ရပ်မျိုးအား ယခုလည်းမလုပ်သလို နောင်တွင်လည်းလုပ်မည်မဟုတ်ဟုလည်းအခိုင်အမာပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အီးစီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here