စစ်တွေမြို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

0
168

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေးကြီး၊ ရွှေပြားဈေးနှင့် သဲချောင်းဈေးတို့တွင် မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ကာ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေလ (၂၅)ရက်၊ နံနက်ပိုင်းက မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေမှုနှင့် ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုတို့ကိုလှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ စစ်တွေမြို့၊ မြို့မဈေးကြီးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိူးသမီးရေးရာအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲဝင်တို့ ပူးပေါင်းကာ မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းသတင်းကို လှည့်လည်အသိပညာပေး နှိုးဆော်နေမှု၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေပြားရပ်ကွက်ဈေးနှင့် သဲချောင်းဈေးတို့တွင် မုန်တိုင်းသတင်းကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး သဲချောင်းဈေးတွင် ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုနှင့် ဈေးလာရောက်ဝယ်ယူနေကြများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ကာ မုန်တိုင်းဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲချောင်းကျေးရွာရှိ မုန်တိုင်းဒဏ်ခံ အဆောက်အဦတွင် သဲချောင်းကျေးရွာရှိ ပြည်သူများနှင့်တွေ့ဆုံကာ မုန်တိုင်းဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ရွှေ့ပြောင်းရောက်ရှိလာသူများအတွက် ကူညီထောက်ပံ့နိုင်ရန် ဆောင်ရွက်ထားရှိမှုတို့ကိုလည်း သွားရောက်အားပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here