ကိုယ်ဝန်ဆောင်တစ်ဦး ဆူးလေးခုံးကျော် တံတားဘေးတွင် ရုတ်တရက် ကလေးမွေးဖွား

0
216

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆူးလေခုံးကျော်တံတားဘေးတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ကလေးမွေးဖွားခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဗဟိုအမျိုးသမီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း လင်းလက်လူမှုကူညီရေးအသင်းမှ သိရသည်။

မေလ (၂၆) ရက် နံနက် (၉) နာရီ (၄၃)မိနစ်အချိန်က ကျောက်တံတားမြို့နယ်၊ ဆူးလေလူကူးခုံးကျော်တံတားဘေးတွင် အမျိုးသမီးတစ်ဦး ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။

ထိုနေရာသို့ လူမှုကူညီရေးအသင်းများနှင့် ကျောက်တံတားအရံ ပရဟိတအသင်းနှင့် မီးသတ်တပ်ဖွဲ့၊ ဂေါပကနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကသွားရောက်ပြီး ကလေးမွေးဖွားသည့် အမျိုးသမီးကို ဗဟိုအမျိုးသမီးဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

မွေးဖွားခဲ့သည့် ကလေးမှာ မိန်းကလေးဖြစ်ပြီး လိုအပ်သည့် အနှီးများ၊ လုံခြည်များ၊ ကလေးအင်္ကျီနှင့်  အစားအသောက်များ ဝယ်ယူနိုင်ရန် လင်းလက်လူမှုကူညီရေးအသင်းမှ ငွေကျပ် ၆၀၀၀၀ လှူဒါန်းပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here