ရာဖာမြို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် လူ ၃၅ ဦး ​ေ-သဆုံးကြောင်း ဂါဇာအာဏာပိုင်များ ပြောကြား

0
230

ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့ရှိ စစ်ဘေးရှောင်များအတွက် သတ်မှတ်ထားတဲ့ ဧရိယာတစ်ခုကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၃၅ ဦး ​ေ-သဆုံးကာ ဒါဇင်ချီ ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဋ္ဌာနနဲ့ အရပ်ဖက် အရေးပေါ်ဝန်ဆောင်မှုဋ္ဌာန အရာရှိတွေက ပြောဆိုပါတယ်။

အစ္စရေးဘက်ကပြောဆိုရာမှာတော့ တိကျတဲ့ ထောက်လှမ်းရေး အခြေခံမှုနဲ့ ပစ်မှတ်တိကျသော လက်နက်ခဲယမ်းတွေကို သုံးကာ ၎င်းတို့လေတပ်က ရာဖာရှိ ဟားမတ်စ်အဆောက်အအုံကို တိုက်ခိုက်ခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ရဲ့ အနောက်ဘက်ကမ်းဒေသဆိုင်ရာ အကြီးအကဲနဲ့ အစ္စရေးအပေါ် အ​ေ-သအပျောက်ရှိ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာပါဝင်တဲ့ အခြား အကြီးတန်းအရာရှိတစ်ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။

တိုက်ခိုက်မှုနဲ့ မီးလောင်ကျွမ်းမှုတွေကြောင့် ယင်းဧရိယာမှာ အရပ်သား အများအပြား ထိခိုက်မှုဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း အစ္စရေးကာကွယ်ရေးတပ် IDF က သတိပြုမိပြီး ဖြစ်စဉ်ကို စစ်ဆေးမှုလုပ်နေတယ်လို့ ပြောဆိုပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရပ်ဖ် အယ်ကီဒရာက အဆိုပါ တိုက်ခိုက်မှုအတွင်း လူ ၃၅ ဦး ​ေ-သဆုံးခဲ့ကာ အမျိုးသမီးတွေနဲ့ က–လေ–းအများစုအပါအဝင် ဒါဇင်ချီ ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရာဖာအနောက်ပိုင်း Tel Al-Sultan ရပ်ကွက်မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းနေရာဟာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က အစ္စရေးတပ်တွေ မြေပြင်ထိုးစစ်စတင်ခဲ့တဲ့ မြို့ရဲ့ အရှေ့ပိုင်းဧရိယာတွေကနေ ထွက်ပြေးလာကြသူအများအပြား အပါအဝင် လူထောင်ချီ စစ်ရှောင်ခိုလှုံနေရာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ကြက်ခြေနီကော်မတီက ရာဖာရှိ ၎င်းတို့ရဲ့ ယာယီဆေးရုံမှ​ေ-သကြေဒဏ်ရာရသူ အမြောက်အများ လက်ခံရရှိထားကြောင်းနဲ့ အခြားဆေးရုံတွေမှာလည်း လူနာများစွာ ရောက်ရှိနေကြောင်း ပြောဆိုပါတယ်။

ဟားမတ်စ် အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဆမ်မီ အဘူ ဇူဟရီကတော့ ဒီတိုက်ခိုက်မှုဟာ အစုလိုက် လူသ—တ်မှုတစ်ခုဖြစ်တယ်လို့ ဆိုခဲ့ပြီး အစ္စရေးကို လက်နက်နဲ့ ငွေကြေးထောက်ပံ့မှုတွေလုပ်ဆောင်တဲ့ အမေရိကန်အနေနဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: DAWN


LEAVE A REPLY

Please enter your comment!
Please enter your name here