မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် ငါးဖမ်းရေယာဉ်များ လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန် ၁၅ နေရာ ထုတ်ပြန်ထား

0
300

ရာသီဥတုဆိုးရွားချိန်များတွင် ငါးဖမ်းရေယာဉ်များ၊ လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန် ၁၅နေရာကို ထုတ်ပြန်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ တဆင့် သိရသည်။

ထိုလှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်နေရာများမှာ ရခိူင်ပြည်နယ်တွင် (၇)နေရာ၊ ဧရာဝတီတွင် (၃)နေရာ၊ မွန်ပြည်နယ်တွင် (၁)နေရာနှင့် တင်္နသာရီတိုင်းတွင် (၄)နေရာရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုနေရာများမှာ (က) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းဂံချောင်းအတွင်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၈ မိနစ်၊

(ခ) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဖရုံဂါကျွန်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၀ မိနစ်၊

(ဂ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်၊

(ဃ) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းဆိပ်ကမ်း မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊

(င) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဗြုချိုင် (ANDREW BAY) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊

(စ) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊

(ဆ) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု၊ အမော်ချိုင် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၄ မိနစ်၊

(ဇ) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း (HAINGYI ISLAND) မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊

(ဈ) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝကျေးရွာ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄.၄၀ မိနစ်၊

(ည) ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိ ကျေးရွာ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ်၊

(ဋ) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါးကျွန်း မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၁.၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၄ မိနစ်၊

(ဌ) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ မောင်းမ ကန်ဘုတ်ကျွန်း (MIDDLE MOSCOS) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၈ မိနစ်၊

(ဍ) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ လောင်းလုံဘုတ်ကျွန်း (SOUTH MOSCOS) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၄ မိနစ်၊

(ဎ) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တနင်္သာရီကျွန်း (TANINTHARYI ISLAND) မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၃၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၂ မိနစ်၊

(ဏ) တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်း (PYIN SA BU ISLAND) အရှေ့ဘက်ရေပြင် မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၄၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၀၅ မိနစ်။ တို့ ဖြစ်ကြသည်။

ထို့အပြင် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအား ထိုကဲ့သိူ့ ရာသီဥတုခိုလှုံခွင့်ပြုရာနေရာ သတ်မှတ်ပေးထားခြင်းမှာ မုတ်သုံရာသီ ရာသီဥတုဆိုးရွားချိန်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ရေလုပ်သားများ အန္တရာယ်ကင်းရှင်းလုံခြုံစွာ ကျွန်းခိုရပ်နားနိုင်ရန်အတွက် သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ရာသီဥတုခိုလှုံသည် ကိုအကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန်ဖမ်းဆီးနေသည်ကို စစ်ဆေးတွေ့ရှိရပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here