လာမည့်နှစ်ရက်အတွင်း အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်မည်

0
204

လာမည့်နှစ်ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည်။

မေလ ၂၆ရက်နေ့တွင်မူ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသများနှင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်ဟုလည်း မိုး/ဇလက ဆိုသည်။

အနောက်တောင်မုတ်သုံလေသည်လည်း မေလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း အသီးသီးဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

ယခုလက်ရှိတွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင် များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည်တို့ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက သတိပေးထုတ်ပြန်ထားသည်။

ထို့အပြင် အနောက်တောင်မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ရန်ကုန်တိုင်းအရှေ့ပိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့ဆုံရာ မုတ္တမကွေ့ဝန်းကျင်တွင် မိုးရေချိန် ၇၀ မီလီမီတာအထက်ရွာသွန်းနိုင်ကြောင်းလည်း မိုး/ဇလက ဆိုသည်။

ထို့အပြင်် အားကောင်းသည့် ဆိုက်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် မနက်ဖြန် နံတက်အထိ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည် ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here