ပါပူးဝါးနူးဂီနီ၌ မြေပြို၍ ပိတ်မိနေသူ ၂,၀၀၀ ကျော်အထိရှိန်ုင်၊ နိုင်ငံတကာအကူအညီကို အစိုးရတောင်းခံ

0
179
This aerial view taken on May 27, 2024 shows a general view of the area affected by a landslide in Yambali village in the region of Maip Mulitaka, in Enga Province, Papua New Guinea. - More than 2,000 people are feared buried in a Papua New Guinea landslide that destroyed a remote highland village, the government said on May 27, as it pleaded for international help in the rescue effort. (Photo by Emmanuel ERALIA / AFP)

မဲလ်ဘုန်း၊မေ ၂၇

ပါပူးဝါးနူးဂီနီနိုင်ငံ၌ မြေပြိုမှုကြောင့် လူ ၂,၀၀၀ ကျော် သည်အရှင်လပ်လပ် မြေမြှုပ်ခံနေသည်ဟုယူဆရကြောင်း အစိုးရအရာရှိတစ်ဦးက ကုလသမဂ္ဂကို ပြောကြားခဲ့ပြီး နိုင်ငံတကာအကူအညီကို တရားဝင်တောင်းဆိုခဲ့သည်။

ပါပူးဝါးနူးဂီနီအစိုးရ၏ တွက်ချက်မှုသည် သေဆုံးသူ ၆၇၀ ကျော်ရှိလာပြီဟူသည့် ကုလသမဂ္ဂ၏တွက်ချက်မှုထက် သုံးဆကျော်များပြားနေပြီး လက်ရှိတွင် သေဆုံးသူ ၆ ဦး၏ရုပ်အလောင်းကိုသာ ပြန်လည်ရရှိထားသေးကြောင်းလည်းသိရသည်။

နိုင်ငံတကာရေးရာကိစ္စများ၌ အဓိကနေရာမှအစိုးရနှင့်အနီးကပ်ဆောင်ရွက်နေသည့် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့အစည်းကမူ ၎င်းတို့အနေဖြင့် သေဆုံးသူအရေအတွက်သည် ၆၇၀ ထက်မကျော်နိုင်သေးဟူယူဆသော်လည်း အစိုးရနှင့်မငြင်းခုံချင်သကဲ့သို့ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍လည်း မှတ်ချက်မပေးနိုင်ဟုဆိုခဲ့သည်။

၎င်းတို့၏တွက်ချက်မှုသည် မြေပြိုမှုဖြစ်ပွားရာနေရာနှစ်ခုရှိ ဒေသခံအရေအတွက်အပေါ်မူတည်ကာ တွက်ချက်ထားခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ပါပူးဝါးနူးဂီနီဝန်ကြီးချုပ်ရုံးကမူ ၎င်းတို့ထုတ်ပြန်ထားသည့် နှစ်ထောင်ကျော်ပမာဏသည် မည်သို့တွက်ချက်ထားသည်ဟူသောဖြေရှင်းချက် ကိုပေးရန်ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

မြေပြိုမှုဖြစ်ပွားရာဒေသသည် ဝေးလံခေါင်သီသည့်အရပ်၌ဖြစ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲလည်းရှိသကဲ့သို့ အခြေအနေမှာလည်း တည်ငြိမ်မှုမရှိသေးသဖြင့် ကယ်ဆယ်ရေးဆောင်ရွက်သူများနှင့်အသက်ရှင်ကျန်သူများကိုလည်း သတိပေးချက်ထုတ်ပြန်ထား သည်။

Source : အေပီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here