မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးမြှင့်ရန် စီစဉ်နေ

0
206

မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား နိုင်ငံခြားငွေဖြင့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် မြန်မာလုပ်သားများ၏ လွှဲပို့ငွေများ တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းနိုင်ရေးအတွက်တိုးမြှင့်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သောအဖွဲ့နှင့် Siam Commercial Bank ၊ Bangkok Bank ၊ Kasikorn Bank၊ Krung Thai Bank တို့မှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုတွေ့ဆုံဆွေးနွေးစဉ် ဗဟိုဘဏ် ဥက္ကဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်မှုရှိစေရန် မူဝါဒများချမှတ်၍ ထိန်းကျောင်းလျက်ရှိသည့် အခြေအနေ၊ တရားမဝင်ဟွန်ဒီများကို အသုံးပြုခြင်းအစား တရားဝင်လမ်းကြောင်းမှ ငွေလွှဲပြောင်းမှုများ တိုးတက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ရင်းနှီး မြှုပ်နှံမှုပိုင်းတွင် မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် ဟွန်ဒီဆောင်ရွက်နေမှုများအပေါ် ထိုင်းဘဏ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ကုန်သွယ်ရေးပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရေးအတွက် ငွေကြေးထောက်ပံ့ခြင်း၊ မြန်မာလုပ်သားများ၏ လွှဲပို့ငွေများအပိုင်းတွင် ထိုင်းနိုင်ငံရှိ ပြည်ပရောက်မြန်မာလုပ်သား များ၏ လုပ်ခလစာလွှဲပို့ငွေများကို မိသားစုများထံ အဆင်ပြေချောမွေ့စွာရောက်ရှိစေနိုင်ရေး ဘဏ်များက ဝိုင်းဝန်းဆောင်ရွက်ပေးရန်ကိစ္စရပ်များ၊နှစ်နိုင်ငံ နိုင်ငံခြားငွေလွှဲပြောင်းပေးချေမှုများကို အဆင်ပြေချောမွေ့စေရေး ပံ့ပိုးပေးနိုင်ရန်ကိစ္စရပ်များနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here