တင်ဒါစနစ်ဖြင့် ဓာတ်ဆီဂါလန်(၂)သန်း ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ရောင်းချမည်

0
178

ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ တင်ဒါစနစ်ဖြင့် ဓာတ်ဆီဂါလန်(၂)သန်းကို လာမည့် ဇွန်လနှင့် ဇူလိုင်လတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ ရေနံဓာတုဗေဒ စက်ရုံစု(သံပုရာကန်)မှအဆိုပါ ဓာတ်ဆီဂါလန် နှစ်သန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ တင်ဒါစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ထိုသို့ရောင်းချပေးရာတွင် ဇွန်လ ၄ ရက်၌ ဓာတ်ဆီဂါလန် တစ်သန်းနှင့် ဇူလိုင် ၂ ရက်တွင် ဓာတ်ဆီဂါလန် တစ်သန်း ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေပြီး ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့ကုန်ကြမ်းများကို CNG ၊ LPG လို တန်ဖိုးမြှင့်ထုတ်လုပ်သုံးစွဲနိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here