MFF Futsal Amateur Cup 2024 ပြိုင်ပွဲပထမဆု ကျပ်သိန်း (၅၀) ချီးမြှင့်မည်

0
311

MFF Futsal Amateur Cup 2024 ပြိုင်ပွဲကို ဇွန်(၂၂)ရက်မှစတင်ကာ အသင်းပေါင်း (၅၀)ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ ပထမဆု ကျပ်သိန်း (၅၀)၊ဒုတိယဆု ကျပ်သိန်း (၃၀) နှင့် တတိယဆုအား ကျပ်(၁၅)သိန်းချီးမြှင့်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဖူဆယ်ဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။

လက်ရှိတွင် ပြိုင်ပွဲဝင်အသင်း(၄၄)သင်း မှတ်ပုံတင်ခွင့်ပြုထားပြီး အသင်းအရေအတွက် ပြည့်မီရန် (၆) သင်းလိုအပ်နေသေးကြောင်း ဆိုသည်။

ပြိုင်ပွဲအတွက် မှတ်ပုံတင်လိုသည့် အသင်းများအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဌာနတွင် ပြိုင်ပွဲဝင်လျှောက်လွှာများကို ယခုလ မေ (၃၁) ရက်အထိ သွားရောက်ထုတ်ယူနိုင်ပြီး အသင်းမှတ်ပုံတင်သွင်းခြင်းကို ဇွန် (၁)ရက်မှ (၁၀) ရက်အထိ ပြုလုပ်နိုင်မည် ဖြစ် ကြောင်း သိရသည်။

ပြိုင်ပွဲအား ယခင်က မေ (၁၅) ရက်တွင် စတင်ကျင်းပမည်ဟု အသိပေးထားသော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့်အ သင်းများစာရင်းသွင်းခြင်းကိစ္စရပ်များကြောင့် ယခုအခါ ဇွန် (၂၂ )ရက်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

MFF Futsal Amateur Cup 2024 ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်တက်ရောက်ခွင့်ရရှိသော အသင်းများအနေဖြင့် MFF Futsal Championship 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး MFF Futsal League II 2024 ပြိုင်ပွဲသို့ ဝင်ရောက်ကစားနိုင်မည့် အခွင့်ရေးလည်းရရှိမည် ဖြစ်သည်။

MFF Futsal Amateur Cup 2024 ပြိုင်ပွဲကို Main Sponsor အဖြစ် Max Energy မှ ပံ့ပိုးကူညီပေးခြင်းဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here