မဟာဗောဓိမြိုင် ဆရာတော်ကြီး ခန္ဓာဝန်ချသည့် တစ်လပြည့်နေ့တွင် တစ်နေ့တာ တရားဖြင့်ပူဇော်မည်  

0
288

မေလ (၃၀)ရက်တွင် ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင် ဆရာတော်ကြီး ခန္ဓာဝန်ချသည်မှာ တစ်လပြည့်မည်ဖြစ်သည်။

ထို​နေ့၌ ဆရာ​တော်ကြီးသီတင်းသုံးခဲ့ဖူးသည့် နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ်ရှိ လက်လုပ်တောင်တောရကျောင်း၌ နံနက် (၈)နာရီမှ ည (၈)နာရီထိ တစ်နေ့တာ စုပေါင်းတရားထိုင်ကြမည် ဖြစ်ပြီး ည (၈)နာရီမှ (၉)နားရီထိ ဗောဓိရိပ်ငြိမ်တောရ ဆရာတော်က တရားဟောကြားပေးမည် ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် တစ်နေ့တာ ယောဂိီများကို နေ့လယ်စာဆွမ်းကပ်မည်ဖြစ်ကာ ညတရားနာပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့်ဧည့်ခံမည်ဖြစ်ကြောင်းလည်း သာသနာဟိတကာရီ (ဂေါ ပက)အဖွဲ့နှင့်  ဒါယကာ ဒါယိကာမများထံမှလည်း သိရသည်။ 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ဧပြီလ(၃၀)ရက်က ဘဝနတ္ထံ ပျံလွန်တော်မူသွားခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၈၃)နှစ်၊ သိက္ခာတော် (၄၅)ဝါရှိခဲ့ပြီ ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here