မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ ရုပ်သိမ်းရန် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၂၅)ခုတောင်းဆို

0
103

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၅) ပါတီက ကြေညာချက် ထုတ်ပြန်ထားသည်။ 

မေလ (၂၈) ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါကြေညာချက်တွင် နိုင်ငံတစ်နိုင်ငံကို ရွေးထုတ်ဖိအားပေးခြင်း၊ လွတ်လပ်မှု၊ ဖွံ့ဖြိုးမှု၊ တည်ငြိမ်မှုနဲ့ ဘက်လိုက်ဆောင်ရွက်မှုဖြစ်ပေါ်စေခြင်းတို့သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကြေ ညာစာတမ်းပါ Article 7 ကို ချိုးဖောက်နေခြင်းကြောင့် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများကိုကန့်ကွက်ကြောင်း  ဖော်ပြထားသည်။ 

ပါတီများ စုပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် ပိတ်ဆို့အရေးယူမှုများသည် ပကတိအခြေအနေ၌ ပြည်တွင်းမှာရှိသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ထိခိုက်နစ်နာစေကာ ဒုက္ခသံသရာထဲ ရောက်အောင်ပို့နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ဆက်လု ပ် ဆောင်နေသည့် လုပ်ငန်းစဉ် ငါးရပ်နှင့်အတူ ရွေးကောက် ပွဲကိုလည်း ထိခိုက်စေနိုင်ကြောင်း ပါတီများက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

USDP ပါတီနှင့် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည့် နိုင်ငံ ရေး ပါတီများထဲတွင် တ.စ.ည ပါတီ ၊ NDF ပါတီ၊ NNDP ပါတီ၊ ကျားဖြူပါတီ၊ PNO ပါတီ၊ မွန်တိုးတက်ရေးပါတီ တို့ကဲ့သို့ နာမည်ရပြီးသား နိုင်ငံရေးပါတီများလည်း ပါဝင်သည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here