ရွှေတစ်ကျပ်သား (၅၅) သိန်းကျော်ဖြစ်လာ

0
268

ပြည်တွင်းရွှေစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သား (၅၅) သိန်းကျော်သို့ စံချိန်တင်မြင့်တက်ခဲ့ကြောင်းဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

မေ (၂၉) ရက်၊ နံနက်ပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သား (၅၂) သိန်း (၉) သောင်းကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်နေ ရာမှ နေ့လယ်ပိုင်းတွင် (၅၃) သိန်းကျော်သို့ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် (၅၅) သိန်းကျော်သို့ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယနေ့နံနက်တွင်လည်း ဈေးပြန်လည်ကျဆင်းခြင်းမရှိပဲ ကျပ် (၅၅) သိန်းအထက်တွင် ဆက်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လမှစ၍ ပြည်တွင်းစျေးကွက်တွင် ရွှေစျေးနှုန်းများ တရိပ်ရိပ်မြင့်တက်ခဲ့ခြင်းဖြစ်ကာ မတ်လတွင် ကျ ပ်သိန်း (၄၀) မှ (၄၄) သိန်း၊ ဧပြီလအတွင်း (၄၅) သိန်းမှ (၄၇) သိန်းဝန်းကျင်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။

ထိုမှတဆင့် ယခုမေလအတွင်း ကျပ်သိန်း (၅၀) အထိဆက် လက်မြင့်တက်ခဲ့ကာ ယခု (၅၅) သိန်းအထက်သို့ တဟုန်ထိုး ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံခြားငွေ စျေးကွက်အတွင်း၌လည်း ငွေလဲနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိပြီး အမေရိကန်တစ်ဒေါ် လာလျှင် ၄၄၀၀ ကျပ်တွင်ရှိနေကြောင်း သိရသည်။

ယခုကဲ့သို့ ပြင်ပရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းများ တဟုန်ထိုးမြင့်တက်နေသော်လည်း ရန်ကုန်ရွှေဈေးကွက်အတွ င်းရှိ အရောင်းဆိုင်များတွင် ရန်ကုန်ရွှေအသင်း၏  သတ်မှတ်ဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း  ရန်ကု န်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ် ပြူလာနယူးစ်သို့ ဖြေကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here