ကျုံအိတ် ယာယီသံဘေလီတံတား အစားထိုးပြင်ဆင်မှုပြီးစီး ယာဉ်များစတင် ဖြတ်သန်းခွင့်ပြု

0
210

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မွန်ပြည်နယ် ၊ဘီးလင်းမြို့အထွက်က်ရှိ ကျုံအိတ်တံတားအား ယာယီသံဘေလီ တံတားအစား ထိုးပြင်ဆင်မှုများ ပြီးစီးသွားပြီဖြစ်ရာ ယာဉ်များအားလုံးဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မေ(၂၈)ရက်မှစတင်၍ ယာဉ်များအားလုံးစမ်းသပ်ဖြတ်သန်းခွင့်ပြုနေပြီးနောက် ယနေ့တွင် ယာဉ်များအားလုံးဖြတ်သန်းခွင့်ပြခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနေ့က စမ်းသပ်ပြီး ကားတန်ချိန်အလိုက်စမ်းပြီး ဖြတ်ခွင့်ပြုတယ်။ တံတားကြံ့ခိုင်မှုကို စစ်ဆေးတဲ့သဘောပေါ့။ ဒီနေ့တော့ ကားတွေအားလုံး ဟိုဘက်ဒီဘက် အလှည့်ကျ ဖြတ် သန်းခွင့်ပြုလိုက်ပါပြီ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ယာဉ်အားလုံး ဖြတ်သန်းခွင့်ပြုလိုက်‌သော်လည်း တန်းစီစောင့်ဆိုင်းသည့် ယာဉ်အရေအတွက်များပြားသဖြင့် ယာဉ်ပိတ်ဆို့မှုရှိနေသေးကြောင်း ဆိုသည်။

အလားတူ ဘီးလင်းမြို့နယ် ရွှေရောင်ပြ‌ကျေးရွာအုပ်စုရှိ မစောတံတားကိုလည်း ရွှေသံလွင်ဟိုက်ဝေး ကုမ္မဏီက ပြင် ဆင်မှုများ လုပ်ဆောင်လျှက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း ပြီးစီးနိုင်ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ အဆိုပါ ဒေသတွင်းချိတ်ဆက်တံတား (၂) စင်းဖြစ်သည့် ကျုံအိတ်တံတားနှင့် မစောတံ တားကို ယခုလ မေတစ်လတည်းတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here