စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး (၄၁၉၆) မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်

0
319

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေး ပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း (၄၁၉၆) မျိုးကို မှတ် ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပိုး သတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၂)ကြိမ် မြောက်အစည်း အဝေးမှ သိရသည်။

အစည်းအဝေးတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ပတ်သက်၍ သုတေသနနှင့် လူ့စွမ်းအားမြှင့်တင်ရေးလိုအပ်ချက်များ၊ ပိုးသတ်ဆေး နည်းပညာကော်မတီဝင်များက စိစစ်တင်ပြလာသော ပိုးသတ်ဆေးအမျိုးပေါ င်း (၁၄၉) မျိုးအား အတည်ပြုပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့အနေဖြင့် ပိုးသတ်ဆေး နည်းပညာကော်မတီက ပြုစုတင်ပြလာသည့် သတင်းအချက်အလက်များ စိစစ်သုံးသပ်အကြံပြု ချက်များကိုအခြေခံ၍ ပိုး သတ်ဆေးမှတ်ပုံတင်ခွင့် ပြုပေးနိုင်ရန် ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့်စပ်လျဉ်း၍ တင်ပြရန်လိုအပ်သော အထောက်အထားအချက်အလက်များကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ် အခြေပြု၍ လူနှင့်ပတ်ဝန်းကျင်ကို အန္တရာယ်မြင့်မားစေသော ပိုးသတ်ဆေးများကို သုံးစွဲရန် ပိတ်ပင်တားဆီးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ​နေသည်။

ထို့ပြင် ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ်သုံးစွဲ စွန့်ပစ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မရှိစေရန်လိုအပ်သည့် အမိန့်၊ သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိပြီး ပိုးသတ်မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေးဖော် စပ် ရောင်းချခွင့်လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည်ထုပ်ပိုးခွင့် လိုင်စင်လျှောက်ထားလာမှုများကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပိုးသတ်ဆေးဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ အရည်အသွေးပြည်မီစွာဖြင့် အသုံးပြုနိုင်ရေးနှင့် အတုအပများ ကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေးနှင့် ဘေး အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက်လည်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here