မောင်တောမြို့နယ်၊ ဝိမလရပ်ကွက်တွင် ငွေကျပ် ၁ ဘီလီယံ​ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
348

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝိမလရပ်ကွက်တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တရားခံ တစ်ဦးအား ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရပ်ကွက်အတွင်း လုံခြုံရေးအဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်စစ်ဆေးစဉ် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူ တရားခံတစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ အိမ်အမှတ်(၂၀၈)နေ မြင့်နိုင်ထူး၊ အသက် (၄၅) နှစ်၊ (ဘ)ဦးအောင်ကျော်ထူးဖြစ်ပြီး ၎င်းနေအိမ်အတွ င်း အနီရောင် ပလပ်စတစ်ပုံးဖြင့် ထည့်ထားသော WY စာ တန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၀,၀၀၀ ပြား၊ (ကာလ တန် ဖိုး ၁ ဒသမ ၅ ဘီလီယံ)ခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here