ပုပ္ပါးမှ မျောက်မြီးရှည်များကို ထိန်းသိမ်းရန် လှုံ့ဆော်သည့်အနေဖြင့် မဟာဂီရိအဖွဲ့မှ လေ့လာရေး ခရီးထွက်မည်

0
145

ပုပ္ပါး‌တောင်မှ မျောက်မြီးရှည်များကို ထိန်းသိမ်းရန် လှုံ့ဆော်သည့်အနေဖြင့် မဟာဂီရိအဖွဲ့မှ လေ့လာရေး ခရီးထွက်မည်ဖြစ်ကြောင်း ခရီးစဉ်ကို စီစဉ်သူ မဟာဂီရိအဖွဲ့မှ သိရသည်။

တစ်ကမ္ဘာလုံး၌ မြန်မာတွင်သာရှိပြီး စုစုပေါင်းခန့်မှန်းကောင်ရေ (၃၀၀) ဝန်းကျင်သာ ကျန်ရှိတော့သည့် ပုပ္ပါးမျောက်မြီးရှည်များကို ထိန်းသိမ်းရန် လှုံ့ဆော်သည့်အနေဖြင့် လေ့ လာရေးခရီးစဥ်ကို စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေ့လာရေးခရီးစဉ်ကို ဇွန် (၄) ရက်၊ နံနက် (၆) နာရီမှ ညနေ (၆) နာရီထိ ပုပ္ပါးတောင် ဘူမိဥယျာဉ်ဒေသမှ ပုပ္ပါးမျောက်မြီးရှည်များ ကျက်စားရာ နေရာတစ်ခုစီတွင် (၅)ဦးတစ်ဖွဲ့ဖြင့် လေ့လာမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ လေ့လာရေးခရီးစဉ်တွင် လူ (၁၀) ဦးကို ဝန်ဆောင်ခအခမဲ့ဖြင့် လေ့လာခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပုပ္ပါးမြောက်မြီးရှည်နှင့် ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာကို ကြေညာခဲ့ပြီးနောက် ထိန်းသိမ်းရန် လှုံ့ဆော်လေ့ လာရေးအနေဖြင့် ပြီးခဲ့သည့်နှစ် ဇွန် (၄) ရက်တွင် ပထမဆုံးအကြိမ် အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် လာမယ့် ဇွန် (၄) ရက်တွင် ဒုတိယအကြိမ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ (၁၁) ရက်ကို နှစ်စဉ်ပုပ္ပါးမြောက်မြီးရှည် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ – A Little Travelling (ပုံအဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here