ကျိုက်ထိုမြို့နယ်တွင် ကလေးလုပ်သားအဖြစ် ခိုင်းစေခံရခြင်း နောက်ဆက်တွဲဆိုးကျိုး လက်ကမ်းစာစောင်များဖြန့်ဝေ

0
129

ကျိုက်ထိုမြို့နယ်တွင် ယနေ့ မေလ (၂၉)ရက်၊ နံနက်ပိုင်း၌ ကလေးလုပ်သားအဖြစ် ခိုင်းစေခံရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ပတ်သက်၍ အသိပညာလက်ကမ်းစာစောင်များအားဖြန့်ဝေခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ယနေ့တွင် ကျိုက်ထိုမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်းမိသားစုများနှင့် ဆေးရုံဆေးခန်းသို့ လာရောက်ကြသည့် လူနာနှင့် လူနာရှင်များအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကလေးသူငယ်လုပ်သားဆိုင်ရာ ကိစ္စအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကလေးသူငယ်လုပ်သားဆိုင်ရာ ဆွေးနွေးမှုကို မြို့ နယ်ကျန်းမာရေးဦးစီးဌာနမှူးက ဆွေးနွေးမျှဝေးခဲ့ပြီး အသက် (၁၄) နှစ်မပြည့်သေးသည့် ကလေးငယ်များကိုလုပ်ငန်းခွင်အတွင်းအလုပ်စေခိုင်းမှု တားမြစ်ခြင်းကိစ္စရပ်များကို ဆွေး နွေးခဲ့သည်။

ကလေးသငယ်များကို အလုပ်သမားအဖြစ် လုပ်ကိုင်ရခြင်း ၏ နောက်ဆက်ဆိုးကျိုးများကြောင့် နိုင်ငံစီးပွားရေးဖွံ့တက်မှုကို များစွာထိခိုက်စေနိုင်ကြောင်းနှင့် ကလေးငယ်များအားဘေးကင်းလုံခြုံမှုမရှိသောလုပ်ငန်းခွင်များတွင်အလုပ်လုပ်ကိုင်စေခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာများတွင် ဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်နှောင့်နှေးစေနိုင်ပြီး လုပ်ငန်းခွင်ကြောင့် ရောဂါများဖြစ်ပွားခြင်း၊ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အသက်အန္တရာယ်ဆုံးရှုံးခြင်းများဖြစ်နိုင်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများသည်ကြီးမားလေးလံသော ပစ္စည်းများသယ်ဆောင်ရသော‌ ကြောင့် အရိုးနှင့် ကြွက်သားများ ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်ခြင်း၊ လုပ်ငန်းခွင်မှ ထွက်ရှိသော အမှုန်အမွှားများ ရှုမိခြင်းကြောင့် အဆုတ်ရောဂါဖြစ်ပွားခြင်း၊ ပိုးသတ်ဆေးများနှင့်စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းများကို ထိတွေ့ကိုင်တွယ်ရခြင်းကြောင့် မျိုးပွားမှုဆိုင်ရာ ကိစ္စများတွင် ချို့ယွင်းချက်များဖြစ်ပွားခြင်းနှင့် ကင်ဆာရောဂါများဖြစ်ပွားခြင်း၊ အလုပ်ချိန်ကြာမြင့်ခြင်း၊ လုပ်ငန်းခွင်သန့်ရှင်းမှုအားနည်းခြင်း၊ အလုပ်ကြောင့် စိတ်ဖိစီးမှုများခြင်းနှင့် အခြားသောလုပ်ငန်းခွင်အ ခြေအနေများကြောင့် ကျန်းမာရေးပြဿနာများဖြစ်ပွားခြင်းတို့ကို ဆွေးနွေးခဲ့သည်။

ထို့ကြောင့် ကလေးသူငယ်များအနေဖြင့် မိမိကိုယ်ကိုတန်ဖိုးမထားခြင်း၊ ယုံကြည်မှု လျော့နည်းလာခြင်း၊ လူမှုဆက်ဆံ ရေးနယ်ပယ်တွင် လိုက်လျောညီထွေမှုမရှိခြင်း၊ ပညာသင်ကြားမှု (သို့မဟုတ်) လုပ်ငန်းကျွမ်းကျင်မှု သင်တန်းများမတက်ရောက်ရခြင်း၊ ပညာအရည်အချင်းနိမ့်ကျခြင်း၊ ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်ခွင့်မရရှိ၍ ဆင်းရဲမှု ဒဏ်မှရုန်းမထွက်နိုင်ခြင်း၊ အလုပ်‌လုပ်နိုင်သော အသက်အရွယ်သို့ ရောက်ရှိပါကလည်း သင့်လျော်သောလုပ်ငန်းခွင်များတွင် လုပ်ကိုင်ရန်အခွင့်အလမ်းနည်း ပါးခြင်းတို့ကြောင့် နာတာရှည်ကျန်းမာရေး ပြသနာများနှင့်စိတ်ပိုင်းဆိုင်ရာလူမှု ဘဝထိခိုက်နိုင်ကြောင်း ဆွေးနွေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here