နိုင်ငံကူးလက်မှတ် ကိစ္စရပ်များနှင့် ပတ်သက်၍ လိမ်လည်လှည့်ဖျားသူများကို အရေးယူမည်

0
125

နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းနှင့် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် ကိစ္စရပ်များနှင့်ပတ်သက်၍ လူမှုကွန်ရက်မှတဆင့် လိမ်လည်လှည့်ဖျားသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ကိ စ္စရပ်များ၊ C of I ထုတ်ပေးသည့် ကိစ္စနှင့် ထောက်ခံစာများ ထုတ်ပေးသည့် ကိစ္စတို့ကို ညွှန်ကြားချက်များနှင့်အညီ www.mekl.org တွင် ရက်ချိန်းရယူထားပြီးသူများအား နေ့ ချ င်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သံရုံးက အ သိပေးထားသည်။

နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်း/ အသစ်လျှော က်ထားခြင်းနှင့် C of I လျှောက်ထားခြင်းကိစ္စများနှင့် ပတ်သက်၍ အခြေအနေမှန်ကို မသိနားမလည်သည့် မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖြားလိုသူများက Facebook နှင့် Tik Tok များ အသုံးပြု၍ သတင်းအမှား၊ မမှန်ကန်သည့် ရေးသား/ပြောကြားချက်များ ဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း သံရုံးက အသိပေးထားသည်။

အောက်တွင် ဖော်ပြထားသည့် လူမှုကွန်ရက်စာမျက်နှာများသည် မြန်မာသံရုံးနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်းနှင့် မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖျားနေသူများကို မြန်မာသံရုံးမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆက်လက် အသိပေးထားသည်။

ထို့ပြင် မလေးရှားအစိုးရမှ နိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် နိုင်ငံခြားသားများ ပပျောက်စေရေး ရည်ရွယ်လျက် စီမံချက်များ ချမှတ်ပြီး Operasi စစ်ဆေးမှုများကို နိုင်ငံတစ်ဝန်း အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် မလေးရှားနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာ နိုင်ငံသားများအနေဖြင့် ယခုကာလအတွင်း အသွားအလာများ ဂရုပြုကြရန်နှင့် မဖြစ်မနေ ခရီးသွားလာရပါက နိုင်ငံကူးလက်မှတ်နှင့် လိုအပ်သည့် စာရွက်စာတမ်းများကိုလည်း Operasi စစ်ဆေးမှုများရှိသည့်အခါတွင် တင်ပြနိုင်ရန်အ တွက် ကိုယ်နှင့်မကွာဆောင်ထားကြရန်လည်း အသိပေးနှိုး ဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here