ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုဆိယဝန်ကြီးအဖြစ် ဗိုလ်ချု ပ်ကိုလေးအား ခန့်အပ်လိုက်ကြောင်း နစက က ယမန်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာထားသည်။
၄င်းသည် စသ်တက္ကသိုလ် အပတ်စဥ် ၂၇ ဆင်းဖြစ်ပြီး၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တာဝန်ကနေ ယခု တာဝန်ကို ပေးအပ်ခံရခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၄၁၉) အရ ယခင် ဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း နေရာတွင် ဗိုလ်ချုပ် ကိုလေး အား ခန့်အပ်တာဝန် ပေးလိုက်ကြောင်း နစက အတွင်းရေး မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။