ဆေးကုသမှု ခံယူနေသည့် မန္တလေးမြို့ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးအား နစက ဥက္ကဋ္ဌ သွားရောက်ဂါရဝပြု

0
108

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့် ရှောက်မှု ခံယူလျက်ရှိသည့် မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ ကျန်းမာရေးအခြေ အနေကို နစက ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှတို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မေလ (၂၉) ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆရာတော်
ကြီးအား ကျန်းမာရေး စစ်ဆေးပေးထားမှုများနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးထားသ ည့် အခြေအနေများကို ကြည့်ရှုမေးမြန်းရာ တာဝန်ရှိသူ
များက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် လုပ်ဆောင်နိုင်သည့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်ရေးတို့အတွက် နစက ဥက္ကဋ္ဌက တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေ သက်သာလာပြီး ကျောင်းတိုက်၌ ပြန်လည်သီတင်းသုံးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်လည်း လိုအပ်သည့် ကျန်းမာရေးဆိုင်ရာအထောက် အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်အတွက်လည်း မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် နဝ ကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား သွားရောက် ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here