နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှု စနစ်အရ (EBRE) နှင့် (IBPE) လျှောက်ထားရမည်

0
480

ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်းအပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arra ngement – BTA)အရ ပို့ကုန်တင်ပို့ခြင်းမှ နိုင်ငံခြားငွေပြန် လည်ရရှိမှု ကင်းလွတ်ခွင့်ပုံစံ Export Bill Receivable Exemption (EBRE) နှင့် သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေပေးချေခြင်းမှ ကင်းလွတ်ခွင့်ပုံစံ Import Bill payment Exemption (IBPE) ပေးပို့ရာတွင် ဆောင်ရွက်ရမည့်အစီအစဉ်ကို ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။

ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်းအပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ်(Barter Transaction Arrang ement – BTA)အရ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်အတွက် နိုင် ငံခြားငွေပြန်လည်ရရှိမှု ကင်းလွတ်ခွင့်  Export Bill Recei vable Exemption (EBRE) ပုံစံ – ပူးတွဲ-၁ အား အထောက် အထားများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီး၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လိပ်မူပေးပို့ရမည်ဖြစ်သည်။

ဖော်ပြပါ စနစ်အရ သွင်းကုန်တင်သွင်းပြီးပါက သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေပေးချေခြင်းမှ ကင်းလွတ်ခွင့် Import Bill payment Exemption (IBPE) ပုံစံ- ပူးတွဲ(၂) အား အထောက်အထားများနှင့်အတူ ညွှန်ကြားရေးမှူးချုပ် ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီး၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လိပ်မူပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အတူ Allowed Shipment Notification Release Ord er Notification မိတ္တူ ၊ Barter system ဖြင့် ခွင့်ပြုခဲ့သည့် Export/Import License Sale Contract နှင့်အခြားလိုအပ်သည့်အထောက်အထားတို့အား ပူးတွဲတင်ပြရန်ဖြစ်ပြီး  အ ဆိုပါ ပုံစံအား Email- [email protected] သို့ပေးပို့ရန် ဖြစ်သည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီးအနေဖြင့် စာကိုလက်ခံရရှိပါက လက်ခံရရှိကြောင်း(Well Received)ပြန်လည်ပေးပို့ပါမည်ဖြစ်ပြီး  Email ပို့ပြီးအလုပ်လုပ်ရက် နောက်တစ်ရက်အထိ လက်ခံရရှိကြောင်း message မရရှိပါက ပေးပို့ခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီး၏ Email မှန်/မမှန်ကို ထပ်မံစစ်ဆေးရန် ၊ Email မှန်ပါက ဖုန်း ၀၁-၅၄၃၅၁၁၊ လိုင်းခွဲ ၄၆၁-၄၆၂ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိ ပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here