အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ရပ်တည်နေသော အမျိုးသမီးဘောလုံးအသင်းတို့ Week-5 ပွဲစဉ်တွင် ထိပ်တိုက်တွေ့ဆုံ

0
113

Myanmar Women League 2024 Week -5 ပွဲစဉ်များကို ယနေ့ မေ(၃၀)ရက်တွင် ပြန်လည်စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရောက်ရှိနေသည့် အသင်းတို့ ထိပ်တိုက်တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန် မာ‌အမျိုးသမီးနေရှင်နယ်လိဂ်ကော်မတီထံက သိရသည်။

ပွဲစဉ်တွေ့ဆုံမှုဇယားအရ မေ(၃၀)ရက်တွင် မြဝတီအသင်းနှင့် ISPE အသင်းတို့ ပဒုမ္မာကွင်းအတွင်း ယှဉ်ပြိုင်ကစာကြမည်ဖြစ်ပြီး  စလင်းကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် YERO အသင်းတို့ တွေ့ဆုံကြမည်ဖြစ်သည်။

ထို့အတူ မေလ(၃၁)ရက်တွင် ရန်ကုန်တက္ကသိုလ်ကွင်း၌ ဧရာ ဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

Myanmar Women League 2024 Week-4 အပြီး  ISPE အသင်းအနေဖြင့် ရမှတ်ပေါင်း (၈)မှတ်ဖြင့် အုပ်စုအဆင့်ထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး အုပ်စုအဆင့် ဒုတိယနေရာနှင့် တတိယနေရာတို့တွင် မြဝတီအသင်းနှင့် ဧရာဝတီအသ င်းတို့က ရမှတ်ပေါင်း (၇)မှတ်စီဖြင့် ရပ်တည်နေသည်။

ထို့ပြင် အုပ်စုအဆင့် အမှတ်ပေးရပ်တည်မှုအရ ရန်ကုန်ယူနိုက်တက်အသင်းသည် ရမှတ်ပေါင်း (၆)မှတ်ဖြင့် အဆင့်(၄) နေရာ၌ လည်းကောင်း၊ YERO အသင်းသည် ရမှတ်ပေါင်း (၃)မှတ်ဖြင့် အဆင့် (၅)နေရာ၌လည်းကောင်း ၊ သစ္စာအားမာန်အသင်းသည် ရမှတ်ပေါင်း (၂)မှတ်ဖြင့် အဆင့်(၆) နေ ရာ၌ လည်းကောင်း ၊ ရှမ်းယူနိုက်တက်အသင်းမှာမူ ရမှတ်မရရှိသေးဘဲ အုပ်စုအဆင့်နောက်ဆုံးတွင် ရပ်တည်နေသည်ကို တွေ့ရသည်။

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြို င်ပွဲအား အသင်း (၇)သင်းဖြင့် ပွဲစဉ် (၂၁)ပွဲအထိ သုံးကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိ ပေးကြေညာထားသည်။

ယခုနှစ်ပြိုင်ပွဲအား မေလ (၇) ရက်မှ နိုဝင်ဘာလ(၅)ရက်အ ထိ ရန်ကုန်မြို့ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့၌ သုံးကျော့စနစ်ဖြင့် ကျင်းပနေခြင်း ဖြစ်သည်။

သုံးကျော့စနစ်အရ (3 Round Robin) ပထမအကျော့အား မေ(၇)ရက်နေ့မှ ဇွန်(၁၁)ရက်နေ့အတွင်း Week-7 အထိလ ည်းကောင်း၊ ဒုတိယအကျော့အနေဖြင့် ဇူလိုင် (၁၇) ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း Week-7 အထိလည်း ကောင်း၊ တတိယ အကျော့အား စက်တင် ဘာ(၆) ရက်မှ နိုဝင်ဘာ (၅) ရက်အတွင်း Week-7 အထိ လည်းကောင်း အသီးသီး ယှဉ် ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနစ် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာ ဝတီယူနိုက်တက်အသင်း နှစ်သင်း တို့ ထပ်တိုးယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ဓာတ်ပုံ – အမျိုးသမီးဘောလုံး Week-4 ပွဲစဉ်အတွင်း ယှဉ် ပြိုင်နေသည့် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here