နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ဒေါ်လာသန်း (၂၂၀) ကျော်လျော့ကျ

0
149

ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလျာထားချက် တိုးမြှင့်သတ် မှတ်ခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှု ပမာဏသည် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာသန်း (၂၂၀) ကျော်လျော့ကျနေကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ (၁) ရက်မှ မေ (၁၀) ရက်အထိ တစ်လကျော်တွင် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၈၉၄ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူထက် ၂၂၂ ဒသမ ၂၀၁ သန်းလျော့ကျခဲ့ကြောင်း သိရသည်။

ယင်းကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ် လာ ၃၉ သန်းကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှု ပုံမှန်မဆောင်ရွက်နိုင်ခြင်းကြောင့် ယခင်နှစ်ကာတူထက် ဒေါ်လာ ၂၆၁ ဒသမ ၄၈၇ သန်းထိ လျော့ကျခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂၉ ဘီလျံခွဲ မျှော်မှန်းခဲ့သော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ဒေါ်လာ ၃၄ ဘီလျံနီးပါးအထိ ကျော်လွန်ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလျာထားချက်ကို ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် လျာထားချက်ထက် တိုးမြှင့်သတ်မှတ်ထားပြီး ဒေါ်လာ ၃၃ ဘီလျံအထိ ရ ရှိရန်မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တုတွ င်းထွက်၊ သစ်တောထွက်နှင့် စက်မှုကုန်ချောပစ္စည်းတို့ကို အဓိက တင်ပို့နေခြင်းဖြစ်ပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန် ကြမ်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်၊ CMP ကုန်ကြမ်းတို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here