သံမဏိစက်ရုံ စီမံကိန်း(၂)ခုပြီးစီးပါက တစ်နှစ်လျှင်တန်ချိန် ငါးသိန်းခန့် ထပ်မံဖြည့်တင်းထုတ်လုပ်ပေးနိုင်မည်ဖြစ်

0
195

စက်မှုဝန်ကြီးဌာနမှ သံမဏိစက်ရုံ စီမံကိန်းနှစ်ခုကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းနှစ်ခုပြီး စီးပါက တစ်နှစ်လျှင်တန်ချိန် ငါးသိန်းခန့်ကို ထပ်မံဖြည့် တင်းထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးရင်မောင်ညွန့်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့ ၊ Chatrium Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံ သံနှင့်သံမဏိ အသင်းပထမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ သံမဏိလိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၌ တစ်နှစ်လျှင် သံနှင့်သံမ ဏိတန်ချိန် တစ်သန်းခန့်ထုတ်လုပ်လျက်ရှိပြီး ပြည်ပမှသံမ ဏိတန်ချိန် နှစ်သန်းခန့် တင်သွင်းရသဖြင့် တစ်နှစ်လျှင် သံနှင့်သံမဏိတန်ချိန် သုံးသန်းခန့်လိုအပ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနမှ သံမဏိစက်ရုံစီမံကိန်း (၂)ခုကို အကော င်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်း(၂)ခု ပြီးစီးပါက တစ်နှစ်လျှင် တန်ချိန်(၅)သိန်းခန့်ကို ထပ်မံဖြည့် တင်းထုတ်လုပ်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here