၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှ ပညာသင်ထော က်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

0
380

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှ ၂၀၂၄-၂၀၂၅ ပညာသင် နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထော က်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်လိုက်ကြောင်း သိရသည်။

၎င်းအခမ်းအနားကို ယမန်နေ့ မေ(၂၉)ရက် ညနေပိုင်းက ပဲ ခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအ ဝေးခန်းမ၌ ကျင်းပပြုရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးငယ်များမှာ အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများ၊ သားကောင်းရတနာများဖြစ်သည့် အားလျော်စွာ ပညာတတ် လူငယ်များ ဖြစ်လာစေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးသွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများ၏ သား/သမီးများ ပညာရည်မြင့်မားစေရေး ဘက်ပေါင်းစုံမှ ဆက် လက်ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက္ကသိုလ်တက်ရောက် ပညာသင်ကြားနေသ ည့် ကျောင်းသား/သူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

ထို့ပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွ င်းရေးမှူးတို့က အခြေခံပညာအထက်တန်း/ အလယ်တန်း၊ မူ လတန်းနှင့် မူလတန်းကြိုပညာသင်ကြားနေသည့် ကျောင်း သား/သူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ ဝန်ထမ်းမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြော င်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ၊ လုံခြုံရေးဝန်ထမ်း မိ သားစုများမှ အဆင့်မြင့်ပညာသင်ကြားနေသည့် ကျောင်း သား/သူ(၇)ဦး၊ အထက်တန်း ပညာသင်ကြားနေသူ(၂၀)ဦး၊ အလယ်တန်းပညာသင်ကြားနေသူ (၁၅)ဦး၊ မူလတန်းပညာ သင်ကြားနေသူ (၅၁)ဦးနှင့် မူလတန်းကြိုပညာသင်ကြားနေသူ(၁၆)ဦး စုစုပေါင်းကျောင်းသား/သူ(၁၀၉)ဦးအတွက် ကျောင်းသုံး ဗလာစာအုပ် (၁၃၄)ဒါဇင်၊ ဘောပင်(၄၂)ဘူး၊ ခဲတံဘူး(၆၇)ဘူးနှင့် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here