နှစ်ပေါင်းတစ်ရာကျော်ရှိသည့် အဆောက်အဦးများကို ရှေး ဟောင်းအဆောက်အဦးအဖြစ် သတ်မှတ်

0
155

နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိနေသည့် အဆောက်အ ဦးများကို ရှေးဟောင်းအဆောက်အဦးအဖြစ် သတ်မှတ်လို က်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

ထိုကဲ့သို့ သတ်မှတ်ထားသည့် အဆောက်အဦးများမှာ (၃၀) ခန့်ရှိပြီး ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင်ရှိ အဆောက်အဦးများ ဖြစ်‌ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ ရန်ကုန်တိုင်းတွင် ဒေါပုံသင်္ဘောကျင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(ယခင် Government Telegraph Of fice)၊ Kyaw Home Mart(ယခင် TeJoomal Department Store)၊အင်းဝဘဏ်(ယခင် Mercantile Bank of India)၊ပင်စင်ဦးစီးဌာန(ယခင် CURRENCY DEPARTMENT) ၊မြန် မာနိုင်ငံသားများဘဏ် (ယခင် Misquit & Co) ၊မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးအဆောက် အအုံတို့ ဖြစ်သည်။

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်ရှိ ကတ်သလစ်သာသနာစိန့်ပီတယ် ဘုရား‌ကျောင်း၊ ပုသိမ်ခရိုင် ထွေအုပ်ဦးစီးဌာနမှတ် တမ်းများ ထားရာရုံး၊ ဓနုဖြူမြို့နယ်ရှိ ပုဗ္ဗာရုံကျောင်း၊ အ သောရုံကျောင်း၊ တိုက်ကြီးကျောင်း၊ သုဒဿနကျောင်း၊ သုခိတာရာမ သုံးထပ်သိမ်ကျောင်း၊ ရတနာစိန်ကျောင်း၊ ဗောဓိကျောင်း၊ မြကျောင်း၊ မှန်ကင်းကျောင်း၊ ဝေဇယန္တာကျောင်း အဆောက်အအုံတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သဒ္ဓမ္မဇောတိကာရုံကျောင်း၊ ဦးရဲကျော်သူကျောင်းတိုက်၊ ဂြစ်ဘက်ကျောင်းတို က်၊ ပညာလင်္ကာရ ကျောင်းတိုက်၊ ရွှေစေတီကျောင်းတိုက်၊ ပေါက်တောမြို့နယ်ရှိ ရွာချောင်းကြီးကျောင်းတိုက်၊ ပန်းဖဲချောင်းကျောင်းတိုက်(ကျောက်‌တော်ကံဇောက်)၊ မြောက်ဦးမြို့နယ်တွင်းရှိ ဘုရားပေါ်ဘုန်းတော်ကြီးကျောင်းတိုက်၊ က န်စောက်ကျောင်းတိုက်၊ သံတွဲမြို့နယ်ရှိ ငလျင်တောင်‌ကျော င်း အဆောက်အအုံတို့ကို ရှေးဟောင်းအဆောက်အအုံအဖြ စ်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အထက်ပါ အဆောက်အဦး (၃၀)ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်း အဆောက် အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ)အရ အင်နှင်းထားသော လုပ်ပိုင် ခွင့်ကို ကျင့်သုံး၍ ရှေး ဟောင်းအဆောက်အအုံအဖြစ်သတ်မှတ် ထိန်းသိမ်းမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here