မန္တလေး ၊ မန်းမြို့ဈေးရှိ “ဆယ်သန်း” ရွှေဆိုင် ဓားပြတိုက်ခံရ

0
208

မန္တလေး၊ မန်းမြို့စျေးအတွင်းရှိ “ဆယ်သန်း” ရွှေဆိုင်ကို ယ နေ့ ညနေ (၃)နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရကြောင်း ဖြစ်စဉ်ကို သိရှိသူ အနီးပတ်ဝန်းကျင်မှ မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ 

မန္တလးမြို့ ၊ (၈၄) လမ်း ၊ (၃၈) လမ်း (၃၉) လမ်းကြားတွင် ဖွင့်လှစ်ထားသည့် “ဆယ်သန်း” ရွှေဆိုင်ဓားပြတိုက်ခံခြင်းဖြစ်ကာ ကျူးလွန်သူများသည် အဖြူရောင် Mark II ရွှေငါးယာ ဉ်အမျိုးအစားဖြင့် လာရောက်သွားခြင်းဖြစ်ကြောင်း သိရသ ည်။

ထိုကဲ့သို့ ဓားပြတိုက်ခံရခြင်းကို ရွှေဆိုင်၏ လူမှုကွန်ရက်စာ မျက်နှာကလည်း အတည်ပြုထားသော်လည်း ဆုံးရှုံးမှုအ ခြေအနေကို ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။ 

ဓားပြတိုက်သူများသည် ယခုလက်ရှိ အချိန်ထိတော့ ထွက် ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် နယ်မြေခံရဲစခန်းနှင့် ပူးပေါင်းအဖွဲ့များက  တ ရားခံဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here