မစောတံတားမှ ခရီးသွားများအား ဒေသခံပရဟိတအဖွဲ့များ စုပေါင်း၍ ထမင်းဗူးများ‌လှူဒါန်း

0
128

ယနေ့ မေ (၃၁)ရက် နံနက်ပိုင်းတွင် မစောတံတား၌ တန်းစီစောင့်ဆိုင်းနေကြသည့် ခရီးသွားကားများမှ ခရီးသည်များအား ဒေသတွင်းပရဟိတအဖွဲ့က စုပေါင်း၍ ထမင်းဘူးနှင့်သောက်ရေဘူးများ ‌လှူဒါန်း‌ပေးအပ်ခဲ့ကြောင်း ရွှေလင်းယု န်ပရဟိတအသင်းတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ယနေ့ လှူဒါန်းမှုသည် လေးကြိမ်မြောက် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယခင်ရက်များက သုံးကြိမ်လှူဒါန်းပေးပြီးဖြစ် ကြောင်း သိရသည်

“ကျွန်တော်တို့ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ခရီးသည်တွေကို ထမင်းထုတ်နဲ့ သောက်ရေသန့်ဘူးတွေ လှူဒါန်းခဲ့တယ်။ အချို့သံဃာတွေ ကားတန်းစီရင်းနဲ့ နံနက်ဆွမ်းမစားရမှာတွေ ဖြစ်မှာဆိုတာရယ်၊ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေ ကလေးတွေအတွက် အထက်အခဲမဖြစ်အောင်ပါ”ဟု နောက်ထပ် ဒေသခံ ပရဟိတအသင်း တာဝန်ခံတစ်ဦးက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် မစောတံတားအောက် ယာယီမြေသား လမ်းမှ ကုန်တင်ကားကြီးများနှင့် ခရီးသည်ကားကြီးများကိုဖြတ်သန်းခွင့်ပြုလျက်ရှိပြီး အိမ်စီးကားငယ်များကို တံတား အပေါ်ရှိယာယီ သစ်သားတံတားမှတဆင့် ဖြတ်သန်းခွင့်ပြုနေကြောင်း ဆိုသည်။

မစောတံတားကို ရွှေသံလွင် ဟိုက်ဝေးကုမ္ပဏီက ပြင်ဆင်ပေူလျက်ရှိပြီး ရာခိုင်နှုန်း (၆၀)ခန့် ပြီးစီနေပြီဖြစ်ကြောင်းလည်းသိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here