အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု (B) ၌ ကျရောက်

0
293

အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ယမန်နေ့ မေ(၃၀)ရ က်က အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေး စင် ယူ-၁၉ အသင်းသည် အုပ်စု (B)တွင် လာအို၊ ဗီယက်နမ်၊သြစတြေးလျ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားရမည် ဖြ စ်ကြောင်း သိရသည်။

ထို့အတူ အုပ်စု (A) တွင် အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီး ယား၊ ဖိလစ်ပိုင်တို့ ကျရောက်နေပြီး အုပ်စု (C) တွင် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့ အသီးသီးကျရော က်ခဲ့ကြောင်း သိရသည်။

အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသော အသင်း သုံးသင်းနှင့် အကောင်းဆုံး ဒုတိယ ရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ် သည်။ 

ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာမြို့တွင် လာမည့် ဇူ လိုင် (၁၉) ရက်မှ (၂၉)ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်သ ည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ်  ဦးအောင်နိုင်က တာဝန်ယူ ကိုင်တွယ်လျက်ရှိပြီး အုပ်ချုပ်/နည်းပြ၊ ကစားသမား  စုစုပေါင်း( ၃၂ )ဦးဖြင့် ဖွဲ့စည်းထားကာ လက်ရှိတွင် တရုတ်နိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်လျ က်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here